|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- စေ့စပ်ညှိနှိုင်းရေးသမား (The Negotiator)
-
-
Author(s):
လူမင်းသစ်
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 209
- Binding: Paperback
- Publication Month Year: Apr-2013
- Size: 18 cm x 18 cm
|
- Description: ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ပြန်ပေးဆွဲမှုပေါင်း ၂ သောင်းကျော် ရှိ၍ ပြန်ပေးဆွဲသူတို့ ရွေးငွေအဖြစ် တောင်းဆိုမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ထိပင် ရှိသည်ဟု ဆိုသည်။ သို့သော် ပြန်ပေးဆွဲမှု ၁ဝ မှုတွင် ၁ မှုကိုသာ အာဏာပိုင်တို့ထံ သတင်းပို့တတ်ကြ၍ အမှန်ကိန်းဂဏန်းများမှာ ၎င်းထက် အများကြီးပိုသည်ဟုလည်း ဆိုသည်။ ယခုစာအုပ်တွင် ပြန်ပေးသမားများ လက်မှ ဓားစားခံများ လွတ်မြောက်ရန် လှုပ်ရှားရသော စေ့စပ်ညှိနှိုင်းရေးသမားများ၏ စိတ်ဝင်စားဖွယ် အခန်းကဏ္ဍအကြောင်းကို နိုင်ငံတကာမှ ပုံသဏ္ဌာန်မျိုးစုံ ပြန်ပေးဆွဲဖြစ်စဉ်များနှင့်အတူ စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။ ရန်စောင်၍ သေကျေနိုင်သည့် အကျပ်အတည်းကို ငြိမ်းချမ်းစွာ ပြီးဆုံးစေရန်အတွက် သတင်းမီဒီယာသမားများနှင့်ဝေးရာ နေရာ၌ တိတ်တဆိတ်လုပ်ဆောင်တတ်ကြသည့် စေ့စပ်ညှိနှိုင်းပေးသူများအကြောင်းနှင့် သူတို့ ပေးဆပ်ခဲ့ရသည့် စွန့်လွှတ်မှုများအကြောင်းကို အတွင်းကျကျ သိရှိစေမည့် စာအုပ်တစ်အုပ်ပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|