|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ဆလိုင်းတင်မောင်ဦး မေ့လျော့နေသော အာရှတိုက်၏ သူရဲကောင်းတစ်ဦး
-
-
Author(s):
အောင်ထူး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 320
- Binding: Paperback
- Publication Month Year: May-2013
- Size: 15 cm x 21 cm
|
- Description: ၁၉၇၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ အင်းစိန်မီးရထားခေါင်းပြင်စက်ရုံရှိ အလုပ်သမားများ ဆန်မလောက်ငမှုကြောင့် ဖြစ်ပေါ်လာရသည့် အလုပ်သမား ဆန္ဒပြပွဲ အရေးအခင်း၊ ကမ္ဘာတွင် မြန်မာ့ဂုဏ်ဆောင်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ဦးသန့်ကွယ်လွန်ပြီးနောက် ဦးသန့်၏ အခေါင်းသည် ရန်ကုန်သို့ ရောက်ရှိလာရာ တစ်ချိန်က ဦးသန့်နှင့် စိတ်သဘောထားခြင်း မတိုက်ဆိုင်ခဲ့သည့် ဗိုလ်ချုပ်နေဝင်းသည် အသုဘအခမ်းအနားကို မထီမဲ့မြင်ပြုကာ သာမန်ပြည်သူတစ်ဦးကဲ့သို့ မထင်မရှား ကြံတောသုဿန်၌ မြုပ်နှံရန် ကြိုးစားရာမှ မခံရပ်နိုင်သည့် ကျောင်းသားများနှင့် ပြည်သူလူထုများ အုံကြွဆန္ဒပြမှုဖြစ်ပေါ်လာခဲ့သည့် ဦးသန့် အရေးအခင်း၊ ပြည်သူလူထု၏ ချစ်ခင်လေးစားမှုကို ခံခဲ့ရသည့် သခင်ကိုယ်တော်မှိုင်း မွေးဖွားခြင်း ရာပြည့်အထိမ်းအမှတ်အဖြစ် အခမ်းအနားကျင်းပရန် ကော်မတီဖွဲ့ခဲ့ရာ အစိုးရ၏ ဖိအားပေးအကျပ်ကိုင်မှုကြောင့် ကော်မတီအဖွဲ့ဝင်များ နုတ်ထွက်ရာမှ စတင်ခဲ့သည့် မှိုင်းရာပြည့် အရေးအခင်းတို့တွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် တက်ကြွစွာ ပါဝင်ခဲ့သူ ဆလိုင်းတင်မောင်ဦး၏ အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်သည်။ သူပါဝင်ခဲ့သည့် လှုပ်ရှားမှုများကြောင့် ကျောင်းသားများ၊ ပြည်သူလူထုများသည် ၎င်းတို့၏ ဘဝနစ်နာမှုများ သိမြင်လာခဲ့ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နိုင်ငံရေးဆန္ဒပြပွဲများကို ဆက်တိုက်ပါဝင်လာနိုင်ခဲ့သည်။ သူ၏ လှုပ်ရှားမှုများကြောင့် အထိနာခဲ့သည့် ဗိုလ်ချုပ်နေဝင်းသည် သူ့ကို ဖမ်းမိသောအခါ ကျောင်းသားတစ်ဦးအတွက် ကမ္ဘာပေါ်တွင် မရှိဖူးသေးသော ပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ပေးသည့် ပြစ်ဒဏ်ကို ရက်စက်စွာ ချမှတ်ခဲ့သည်။ သူနှင့်အတူ သူ၏ မိသားစုဝင်များကိုလည်း ပြင်းထန်သည့် ပြစ်ဒဏ်များကို ချမှတ်နှိပ်ကွပ်ခဲ့သည်။ ယခုစာအုပ်တွင် သူ၏ ငယ်စဉ်ဘဝနှင့်တကွ သူ၏ စိတ်ဓာတ်၊ ရိုးဂုဏ်၊ အထက်ပါ အရေးအခင်းတွင် မည်ကဲ့သို့ ရဲရဲဝံ့ဝံ့ ပါဝင်ခေါင်းဆောင်လှုပ်ရှားခဲ့ပုံ၊ သူ အဖမ်းမခံရမီနှင့် အဖမ်းခံရပြီးတွင် သူနှင့် သူ၏ မိသားစုများသည် စစ်ထောက်လှမ်းရေးများ၏ နှိပ်စက်ညှင်းပန်းခြင်းကို မည်သို့ ခံခဲ့ရပုံ၊ ကြိုးပေးခံရချိန်နီးချိန်၌ “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါ့ရဲ့ ယုံကြည်ချက်နှင့် ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး၊ မင်းတို့ စစ်ဖိနပ်အောက်မှ ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ”ဟု ဟစ်ကြွေးကာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ ကြိုးစင်ပေါ်တက်ပြီး နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးခဲ့ပုံများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ စာရေးသူသည် ဆလိုင်းတင်မောင်ဦးနှင့်အတူ အရေးအခင်းများတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၈၈ အရေးအခင်းဖြစ်ချိန်အထိ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|