|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သားမြတ်ကင်ဆာနှင့် ကင်ဆာရောဂါအကြောင်း သိကောင်းစရာများ
-
-
Author(s):
ဒေါက်တာဇီဝက
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 143
- Binding: Paperback
- Publication Month Year: May-2013
- Size: 13 cm x 21 cm
|
- Description: မြန်မာဆရာဝန်များထဲတွင် F.R.C.S ဘွဲ့ကို အီဒင်ဘရာ၊ ဂလက်စကိုနှင့် အင်္ဂလန်ဆိုင်ရာ တော်ဝင်ဆေးပညာကောလိပ်များမှ သုံံးထပ်ကွမ်းရရှိခဲ့သူ ဒေါက်တာမောင်မောင်အေး (ကလောင်အမည် ဒေါက်တာဇီဝက)က ယခုစာအုပ်တွင် သားမြတ်ကင်ဆာနှင့်တကွ ကင်ဆာရောဂါများ၏ လက္ခဏာများ၊ ကုသနည်းများ၊ ကင်ဆာဆေးများနှင့် ကြိုတင်ခန့်မှန်းနိုင်မည့် နည်းလမ်းများကို အသေးစိတ် ပြည့်စုံစွာ ရေးသားထားသည်။ အထူးသဖြင့် သားမြတ်ကင်ဆာအကြောင်းကို အထူးအလေးပေး ရေးသားရှင်းလင်းထားပြီး ၎င်းကင်ဆာကို အချိန်မီ သိနိုင်အောင် စူးစမ်းနိုင်ပုံ၊ ရောဂါအတိမ်အနက် စစ်ဆေးနည်း၊ ကုသနည်းနှင့် ပတ်သက်၍ ခွဲစိတ်ကုသနည်း၊ ဓာတုပစ္စည်းများနှင့် ကုသနည်း၊ ဟိုမုန်းဓာတ်များနှင့် ကုသနည်း၊ ဓာတ်ရောင်ခြည်များဖြင့် ကုသနည်း၊ အခြားကုသနည်းများ၊ ကင်ဆာအပြင် အခြားရင်သားအကြိတ်များ သားမြတ်ကင်ဆာ ကလပ်စည်းအဆင့်မှ စ,တင်ဖြစ်ပေါ်လာပုံ စသည်တို့ကို ဤစာအုပ်တွင် အသေးစိတ် ဖော်ပြထားသည်။ စာရေးသူသည် ယခုအခါ စင်ကာပူနိုင်ငံ ပင်နင်ဆူလာပလာဇာရှိ အေးမေတ္တာဆေးကုခန်း၌ ဆေးခန်းထိုင်ကာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူ ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|