|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ၂၁ ရာစုကို တရုတ်ပြည် ပိုင်ဆိုင်မည်လော ပညာရှင်များ၏ ငြင်းခုန်ခြင်း
-
-
Author(s):
သန်းစိုးနိုင်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 108
- Binding: Paperback
- Publication Month Year: Jun-2013
- Size: 13 cm x 21 cm
|
- Description: ယနေ့ စီပွားရေးအင်အားကြီးနိုင်ငံဖြစ်လောသော တရုတ်နိုင်ငံသည် ၂၁ ရာစု၏ နိုင်ငံရေး, စီးပွားရေးအခင်းအကျင်း၌ မည်သို့မည်ပုံ ရပ်တည်မည်၊ ပါဝင်နိုင်မည်နှင့် ပတ်သက်၍ နိုင်ငံရေးကျွမ်းကျင်သူများ၏ လေ့လာအကဲခတ်ချက်ဆောင်းပါး ၇ ပုဒ်ကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ ပါဝင်သော ဆောင်းပါးအမည်များမှာ ပညာရှင်များ၏ ငြင်းခုံခြင်း၊ ဟင်နရီကစ်ဆင်ဂျာနှင့် စကားစမြည်၊ ဒေါက်တာဒေးဗစ်လီနှင့် စကားစမြည်၊ မန့်ခ်ငြင်းခုံပွဲများ (The Munk Debates)၊ အမေရိကန်ခေတ်လွန်ကမ္ဘာ၊ အမေရိကန်ခေတ်လွန် ကမ္ဘာကို ရင်ဆိုင်ခြင်း၊ မဟာတရုတ်ပါဝါတို့ ဖြစ်ကြသည်။ ပါဝင်ဆွေးနွေးသူများမှာ ဟားဗတ်တက္ကသိုလ်မှ သမိုင်းနှင့် စီးပွားစီမံ ပါမောက္ခတစ်ဦးဖြစ်သူ Nail Ferguson၊ ကမ္ဘာပေါ်တွင် ပထဝီနိုင်ငံရေး မဟာဗျူဟာနှင့် စပ်လျဉ်း၌ အရှိန်အဝါသြဇာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သူ Henry Kissinger ၊ ဘေဂျင်းရှိ ရှင်းဟွာတက္ကသိုလ် စီးပွားရေးနှင့် စီမံခန့်ခွဲရေးပညာကျောင်းတော်ကြီးရှိ “ကမ္ဘာ့စီးပွားရေးတွင် တရုတ်ပြည်၏ အခန်း” လေ့လာသုတေသနပြုရေး မဟာဌာနကြီး၏ ညွှန်ကြားရေးမှူး David Li ၊ CNNသတင်းဌာနကြီး၏ အရေးပါဆုံးသော “နိုင်ငံတကာရေးရာ” အစီအစဉ်ကြီး ဧည့်သည်တော် အဖွဲ့ဝင်တစ်ဦးဖြစ်သူ Farred Zakaria ၊ စီးပွားရေးသတင်းကွန်ရက် ရုပ်မြင်သံကြားအစီအစဉ်ဖြစ်သော Soueeze Playတွင် ပါဝင်မြဲဖြစ်ပြီး National Post၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သူ Rudyard Griffith တို့ ဖြစ်ကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|