|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အမျိုးသားအတ္ထုပ္ပတ္တိအဘိဓာန် (အတွဲ ၁) (အပိုင်း ၁ + ၂)
-
-
Author(s):
စိုးမြင့်လတ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 695
- Binding: Paperback
- Publication Month Year: Jul-2013
- Size: 14 cm x 21 cm
|
- Description: ခေတ်အဆက်ဆက် နိုင်ငံနှင့် လူမျိုးကို မိမိစွမ်းဆောင်နိုင်သည့်ဘက်က ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်အသီးသီး၏ ဘဝဖြစ်ရပ်နှင့် ဆောင်ရွက်ချက်များကို တိုတိုကျဉ်းကျဉ်းနှင့် လိုရင်းရောက်အောင် ရေးသားပြုစုထားသော စာအုပ်ဖြစ်သည်။ ပရိယတ်၊ ပဋိပတ်အလုပ်များကို စွမ်းဆောင်တော်မူခဲ့ကြသော ဆရာတော်၊ သံဃာတော်များ၊ သာသနာထွန်းကားပြန့်ပွားရေးအတွက် ချီးမြှောက်လှူဒါန်းခဲ့ကြသော ပုဂ္ဂိုလ်များ၊ မင်း, မိဖုရား, မင်းညီမင်းသား, မင်းသမီး, မှူးမတ်စသည့် ထီးနန်းဝန်းကျင်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှုများတွင် ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့သော ပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေးဘက်တွင် အမှုထမ်းခဲ့သော ပုဂ္ဂိုလ်များ၊ စီးပွားရေးနယ်ပယ်၌ ထင်ရှားသော လုပ်ငန်းရှင်များ၊ စာပေ, သဘင်, ဂီတ, ရုပ်ရှင်, ပန်းချီ, ပန်းပု, ဗိသုကာ အစရှိသည့် နယ်ပယ်များမှ အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ဘဝဖြစ်စဉ်ကို ခိုင်မာသော အကိုးအထောက်များဖြင့် စနစ်တကျ စီစဉ်ပြုစုထားသည်ကို တွေ့ရသည်။ လူသေသော်လည်း နာမည်မသေသူများ၏ လေးစားအားကျဖွယ်ဂုဏ်ရည်များကို ဖော်ညွှန်းထားခြင်းဖြစ်သည်ဟု မောင်ခင်မင်း (ဓနုဖြူ)က အမှာစာတွင် ညွှန်းဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|