|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ၈၈ အရေးအခင်းအစပိုင်းကာလ ကိုဘုန်းမော်ကျဆုံးခဲ့သော မတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ စက်မှုတက္ကသိုလ်အရေးတွင် ပါဝင်ခဲ့သူ၊ လူ ၇ဝ ဖြင့် စက်မှုတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်းလှုပ်ရှားခဲ့ရာတွင်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သူ၊ အရေးအခင်းကာလ အမရဆောင်၌ စက်မှုတက္ကသိုလ်ကျောင်းသားသမဂ္ဂ သပိတ်စခန်းဖွင့်၌ ဦးဆောင် ဆန္ဒပြခဲ့သူ၊ အရေးအခင်းအပြီး ကိုဘုန်းမော် ၁ နှစ်ပြည့်တွင်လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အောက်ဗကသ) (ဗမာနိုင်ငံ) ညီလာခံကို ဦးဆောင်ကျင်းပရာတွင်လည်းကောင်း ပါဝင်ခဲ့သူ စာရေးသူသည် ၁၉၉ဝ စက်တင်ဘာလ(၁) ရက်နေ့မှ ၁၉၉၄ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့အထိ အင်းစိန်ထောင်၊ သာယာဝတီထောင်များတွင် ပုဒ်မ (၅) ညဖြင့် ၅ နှစ်အကျဉ်းကျခဲ့ရာ ထိုသို့ အကျဉ်းကျခဲ့စဉ်အတွင်း ရရှိခဲ့သည့် ထောင်တွင်းအတွေ့အကြုံများ၊ အရေးအခင်းကာလ ဆန္ဒပြအတွေ့အကြုံများကို ဤစာအုပ်ဖြင့် အသေးစိတ် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဦးလှရွှေက အမှာစာရေးပေးထားရာ၌ “ “ဒေါက်ဖြုတ်သံ” ထောင်တွင်း / ထောင်ပြင် အတွေ့အကြုံမှတ်တမ်းဟာ စစ်အာဏာရှင်စနစ်ခေတ် ထောင်တွင်း / ထောင်ပြင်မှာရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ တကယ့်အဇ္ဈတ္တကို ဖော်ကျူးနိုင်မည်ဟု မျှော်လင့်ပါတယ်”ဟု ဆိုထားသည်သလို စာရေးသူကလည်း “နာကျင်မှုတွေဟာ ခါးသီးပေမယ့် စိတ်စွမ်းအင်နဲ့ ချိုမြိန်အောင် တည်ဆောက်ပြီး နောင်ဘယ်တော့မှ မရနိုင်တဲ့ အတွေ့အကြုံတွေဟာ လူထုရဲ့ မျိုးဆက်အတွက် စာကားလုံးနဲ့ မှတ်တမ်းတွေ ရေးဖြစ်ပါတယ်”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|