|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကင်ဂျုံဟီး သို့မဟုတ် မြောက်ကိုရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 226
- Binding: Paperback
- Publication Month Year: Jul-2013
- Size: 13 cm x 21 cm
|
- Description: တောင်ကိုရီးယားနိုင်ငံတွင် ထုတ်ဝေသော Korea Today စာစောင်ပါ “ကင်ဂျုံဟီး”နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ Jasper Becker ရေးသားသည့် Kim Jong IL and North Korea စာအုပ်၊ Bradley K-Martin ရေးသားသည့် Under The Loving Care of the Fatherly Leader စာအုပ်များပါ “ကင်ဂျုံဟီး”နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပေါင်းစပ်ကာ ဘာသာပြန်ဆို ရေးသားထားသော စာအုပ်ဖြစ်သည်။ ၂၁ ရာစုခေတ် နိုင်ငံရေးသိပ္ပံကို လေ့လာစူးစမ်းလိုသူတိုင်း မသိမဖြစ် သိရမည့် မြောက်ကိုရီးယားအရေးတွင် အဓိကပဲ့ကိုင်ရှင်ဖြစ်ခဲ့သူ ကင်ဂျုံဟီးနှင့် ပတ်သက်၍ ဤစာအုပ်တွင် အသေးစိတ် ဖော်ပြထားသည်။ နိုင်ငံတကာ အခြေအနေများကို မျက်ခြေပြတ်မခံ အသေးစိတ် စောင့်ကြည့်တတ်သလို လိမ္မာပါးနပ်စွာဖြင့် နိုင်ငံရေး ကျားကွက်ဆင်တတ်သူ၊ နျူးကလီးယားလက်နက်ကို ပရိယာယ်ကြွယ်စွာဖြင့် ရစ်လုံးကဲ့သို့ လှပကျင်လည်စွာ သုံးပြီး အလျော့အတင်းပြုလုပ်ကာ အမေရိကန်တို့ကို အပေါ်စီးမှ ဆက်ဆံခဲ့သူ၊ အသက် ၄ဝ အရွယ်ကတည်းက လူထုကြီးက “ဆူရယွန်း” (ခေါင်းဆောင်ကြီး)ဟု စတင်ခေါ်ဝေါ်ခြင်း ခံခဲ့ရသူ ကင်ဂျုံဟီးအကြောင်းကို ရေးသားထားရာ၌ ဒုတိယကမ္ဘာစစ်အပြီး မြောက်ကိုရီးယားနိုင်ငံ ပေါ်ပေါက်လာပုံ၊ ကင်ဂျုံဟီး၏ ဖခင်အကြောင်းနှင့် သူမည်သို့မည်ပုံ ခေါင်းဆောင်နေရာ ရောက်လာပုံ၊ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် ခေါင်းဆောင်နေရာသို့ ရောက်ရှိလာပုံ၊ သူ၏ စိတ်နေစိတ်ထား၊ ဝါသနာ၊ လုပ်ကြံရန် အကြိမ်ကြိမ် ကြိုးစားခြင်း ခံခဲ့ရသည့်သူသည် လုံခြုံရေးကို မည်သို့မည်ပုံ ချထားပုံ၊ တိုင်းပြည်က ဆင်းရဲတွင်းနက်နေသော်လည်း စစ်ရေးကို ချဲ့ထွင်လျက် အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်ကာ အာဏာရှင်စနစ်ကို ထူထောင်ထားပုံ၊ သူနှင့် ပတ်သက်၍ ဝီကီပီးဒီးယားတွင် ဖော်ပြထားချက်များနှင့်အတူ ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|