|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တစ်ချိန်က မြန်မာစစ်ကားများတွင် ဝင်ငွေစံချိန်ချိုးခဲ့သော “အမိမြေမှ သားကောင်းများ” ဇာတ်ကားကို ဖြစ်မြောက်ပြီးစီးအောင် တာဝန်ယူဆောင်ရွက်ခဲ့သူ စာရေးသူက သူ၏ ရိုက်ကွင်းအတွေ့အကြုံများ၊ ဇာတ်ကားနောက်ခံ ဖြစ်ရပ်မှန်တိုက်ပွဲအကြောင်း၊ ဇာတ်ကားရိုက်ကူးရာတွင် အတူလက်တွဲခဲ့ကြသည့် တပ်မတော်သားများ၊ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဝင်များအကြောင်း၊ ရိုက်ကွင်းတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် မည်သို့ကျော်ဖြတ်ခဲ့ပုံများကို ပြန်လည်မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်သည်။ တပ်မတော်သားတစ်ဦး၏ ဘဝကို ရရန်အတွက် ကြမ်းတမ်းလှသော စစ်သင်တန်းများ တက်ရပုံ၊ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့် တာဝန်ထမ်းဆောင်ရပုံ၊ ရှေ့တန်းစစ်မြေပြင်တွင် ရဲဘော်ရဲဘက်စိတ် ထားရှိရပုံများကို အများပြည်သူ သိရှိရန်အတွက် ရိုက်ကူးထားသော အဆိုပါဇာတ်ကားသည် မြန်မာ့စစ်သမိုင်းတွင် ထင်ရှားပြီး အတုယူဖွယ်ဖြစ်သော ဗိုလ်မှူးသီဟသူရသိန်းထွန်းတင်၏ ပွိုင့်ဝေ ၄၁ တောင်ကုန်းတိုက်ပွဲကို ကျောရိုးပြု၍ ရိုက်ကူးထားခြင်း ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အားပေးထောက်ခံမှုဖြင့် ဗကပတို့သည် လူအမြောက်အမြားအသုံးပြုကာ ဆင်နွှဲခဲ့သော အဆိုပါတိုက်ပွဲအကြောင်းနှင့် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတစ်ဦး၏ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်မှုများကို ရိုက်ကွင်းအတွေ့အကြုံများနှင့်အတူ အသေးစိတ် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|