|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗုဒ္ဓဘာသာဝင်နှင့် ဝိညာဉ် (အိတ်ဆောင်)
-
-
Author(s):
ပထမကျော် ဦးစံသင်းလှိုင်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 72
- Binding: Paperback
- Publication Month Year: Jul-2013
- Size: 10 cm x 14 cm
|
- Description: ထေရဝါဒဗုဒ္ဓတရားတော်အရ ဗုဒ္ဓဘာသာသည် ဝိညာဉ်နှင့် ဝိညာဉ်လောကဆိုသည်ကို လက်မခံဟု စာရေးသူက ဆိုသည်။ ဗုဒ္ဓဘာသာက လက်ခံထားသည်မှာ ဝိညာဏ် သို့မဟုတ် စိတ်သာဖြစ်သည်။ စိတ်ဟူသည် သတ္တဝါတို့သန္တာန်၌ ဥပါဒ် + ဌီ + ဘင် (ဖြစ် + တည် + ပျက်)အားဖြင့် မရပ်မနား တရစပ်သွားနေသော နာမ်တရားတစ်မျိုးသာဖြစ်သည်။ ယနေ့ ပွင့်လင်းကာလတွင် ရုပ်ရှင်လောကသားများသည် သရဲ တစ္ဆေ ပြိတ္တာဇာတ်လမ်းများကို ရိုက်ကူးလာကြရာ အတ္တ၊ အသက်၊ လိပ်ပြာကောင်အနေဖြင့် ဝိညာဉ်ဟု မှတ်ယူနေကြခြင်းသည် မှားယွင်းသည်ဟု စာရေးသူက ဆိုသည်။ ၎င်းကို သိစေလို၍ ဤစာအုပ်ကို ရေးသားပြုစုလိုက်ခြင်း ဖြစ်သည်။ ဂတိ ၅ မျိုးအကြောင်း၊ ကွယ်လွန်ပြီးနောက် အိမ်တွင် ၇ ရက် နေ, မနေ၊ တမလွန်အယူအဆနှင့် ပတ်သက်သည့် တဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိအကြောင်း၊ ဖန်ဆင်းရှင်ဝါဒ၊ ထာဝရဘုရားရှင်ဝါဒ၊ ဝိညာဉ်ကောင်ဝါဒအကြောင်း သိကောင်းစရာ၊ အသက်နှင့် လိပ်ပြာ၊ ဗုဒ္ဓဘာသာဝင် ၅ မျိုးအကြောင်း၊ ဥပါသကာဂုဏ်ရည် ၁ဝ ပါးအကြောင်း၊ ဝိညာဏက္ခန္ဓာကို အတ္တစွဲပုံတို့ကို ဤစာအုပ်တွင် ရှင်းလင်းထားသည်။ နောက်ဆက်တွဲအနေဖြင့် အတ္တဝါဒကို တွန်းလှန်သော မြတ်ဗုဒ္ဓ၏ အနတ္တလက္ခဏသုတ်တရားတော် အနှစ်ချုပ်ကိုပါ ဖော်ပြပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|