|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: အငြိမ်းစား ပန်းချီပညာဝန်ထောက်၊ မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီ ဗဟိုနာယက ပန်းချီဆရာကြီး ဝဏ္ဏကျော်ထင် ဦးစံဝင်း အမှတ်တရအဖြစ် ဆရာကြီး၏ ပန်းချီလက်ရာ မှတ်တမ်းတင်ဓာတ်ပုံများနှင့် ဆရာကြီး၏ဘဝဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပန်းချီလှတင်ထွန်းက မှတ်တမ်းတင်ဂုဏ်ပြုရေးသားထားခြင်း ဖြစ်သည်။ တစ်ခေတ်တစ်ယောက် ထွန်းပေါက်ကျော်ကြားခဲ့သူ ဆရာကြီး ဦးစံဝင်း၏ စိတ်နေသဘောထား၊ ပန်းချီအယူအဆ၊ ပန်းချီဝါသနာကြီးပုံ၊ ယူနက်စကို ပညာဖလှယ်ရေး စီမံကိန်းအရ အနောက်နိုင်ငံများတွင် ၆ လကြာ ပန်းချီပညာသင်ကြားခဲ့ပုံ၊ ကျရာနိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပုံများကို ဆောင်းပါးများတွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။ ဆရာကြီး၏ ဂုဏ်ဒြပ်နှင့် လျော်ညီစွာ တစ်အုပ်လုံးကို ကြွေစက္ကူများဖြင့် သေသပ်ကျနစွာ ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ ဆရာကြီးအကြောင်းနှင့်တကွ ဆရာကြီး၏ လက်ရာမြောက်လှသော ပန်းချီလက်ရာများကို တစ်ပြိုင်နက် အကဲခတ်နိုင်ကြမည့် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|