|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ဟိုတယ်ကေ (ဘာလီကျွန်း အကျဉ်းထောင်အတွင်းမှ စိတ်ဝင်စားဖွယ် ဇာတ်လမ်းများ)
-
-
Author(s):
စိန်ဝင်းစိန်
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 227
- Binding: Paperback
- Publication Month Year: Aug-2013
- Size: 17 cm x 17 cm
|
- Description: Kathryn Bonella ရေးသားသည့် Hotel K (The Shocking Inside Story Bali's Most Notorious Jail) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဧရာမ ကုန်တိုက်ကြီးတစ်ခု ဆောက်လုပ်ရန်အလို့ငှာ နေရာဖယ်ပေးလိုက်ရသည့် အကျဉ်းထောင်တစ်ခုအတွက် အစားထိုးတည်ဆောက်ပေးခဲ့ရသည့် ဘာလီကျွန်းမှ အကြီးဆုံး အကျဉ်းထောင် ဟိုတယ်ကီရိုဘိုကန်အကြောင်းကို မူရင်းစာရေးသူက ကိုယ်တိုင်သွားရောက်လေ့လာကာ အကျဉ်းထောင်အကြောင်း ဖွင့်ချဖော်ထုတ်ထားခြင်း ဖြစ်သည်။ ဟိုတယ်တွေမှာ မိမိတည်းခိုသည့်အခန်းကို ပိုက်ဆံပေးပြီး မွမ်းမံခိုင်းသလို အကျဉ်းထောင်ထဲမှာလည်း ခိုင်း၍ရသည့် ထောင်၊ တင်းနစ်ကစားကွင်း၊ သေသပ်စွာ ပြုပြင်ထားသည့် ပန်းခြံ၊ ရိတ်သင်ထားသည့် မြက်ခင်း၊ ဟိန္ဒူဘုရားကျောင်းနှင့် စိမ်းလမ်းသော ကစားကွင်းများဖြင့် ဟိုတယ်တစ်ခုအသွင်ကို ဆောင်ထားသည့် ထောင်၊ ပီဇာမုန့်နှင့် မူးယစ်ဆေးဝါးကိုသာမက အလိုရှိပါက ပြည့်တန်ဆာကိုပါ ပိုက်ဆံပေးမှာနိုင်သည့် ထောင်၊ ထိုမျှမက ပိုက်ဆံရှိသည့် အကျဉ်းသားများအနေဖြင့် ပင်လယ်ကမ်းခြေသို့ နေ့ချင်းပြန် သွားရောက်နိုင်သည့် ထောင်၊ တစ်ချိန်တည်းမှာပင် ရက်စက်မှုကြမ်းကြုတ်မှု၊ လိင်ကိစ္စသောင်းကျန်းမှုများကိုပါ တွေ့ရှိနိုင်သည့် ထောင်၊ အင်ဒိုနီးရှားနိုင်ငံတွင် အဆိုးဆုံံး အကြမ်းဖက် စိတ်ရောဂါသည်များနှင့် ရက်စက်ခြင်း၌ မွေ့လျော်သူများ အဆီးအတားမရှိ လျှောက်သွားနေသည့် ထောင်ဖြစ်သည့် ဟိုတယ်ကေ (Hotel K)၏ အနိဋ္ဌာရုံများကို ကွက်ကွက်ကွင်းကွင်းမြင်အောင် မှတ်တမ်းတင်ထားနိုင်သည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|