|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဂျပန်ပြည်ပေါ်က မှိုပွင့်ကြီးများနှင့် အဏုမြူကို ဖြိုခွဲသူ
-
-
Author(s):
ဇော်လှိုင် (ဗန်းမော်)
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 125
- Binding: Paperback
- Publication Month Year: Oct-2013
- Size: 13 cm x 19 cm
|
- Description: Fletcher Knelbel နှင့် Charles Balley တို့ ရေးသားသည့် No High Ground စာအုပ်နှင့်၊ Egon Larsen ရေးသားသည့် Man Who Changed the World စာအုပ်တို့ကို ပေါင်းစည်း ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အဏုမြူဗုံးဒဏ်ခံ “ဟီရိုရှီးမား” နှင့် “နာဂါဆာကီ” (၆၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်သည့် ဤစာအုပ်တွင် အပိုင်း ၂ ပိုင်း ပါရှိသည်။ ၁၉၄၅ ခုနှစ် နွေရာသီ၌ သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့သည့် ဆုံးဖြတ်ခဲ့ချက်များကို ချမှတ်ခဲ့ကြသော ကမ္ဘာခေါင်းဆောင်များအကြောင်း၊ ဂျပန်ဧကရာဇ်နှင့် သူ၏ စစ်ခေါင်းဆောင်များကြား လွန်ဆွဲပွဲအကြောင်း၊ ဂျပန်၏ ကျဆုံးခန်းနှင့် အဏုမြူခေတ်ကို မွေးဖွားစေခဲ့သည့် ကြီးကျယ်၍ လျှို့ဝှက်သော လုပ်ရပ်များအကြောင်း၊ လူပေါင်း ငါးသိန်းကျော်ကို လုပ်ခပေးကာ ဆောင်ရွက်ရသော သမိုင်း၌ အကြီးများဆုံး မင်ဟက်တန်စီမံကိန်းအကြောင်း၊ “ငရဲခန်း၏ နိဒါန်း”အဖြစ် တွေ့မြင်ရသော အဏုမြူဗုံးဒဏ်ခံ “ဟီရိုရှီးမား” နှင့် “နာဂါဆာကီ” မြို့၏ မြင်ကွင်းတို့အကြောင်းကို အပိုင်း ၁ တွင် ဖော်ပြထားသည်။ ထို့နောက် ဖြိုဖျက်, ဖျောက်ဖျက်၍မရဟူသော အက်တမ်ကို ဖြိုခွဲခဲ့သူ နယူးဇီလန်နိုင်ငံသား “ရူသာဖို့ဒ်”အကြောင်း၊ လျှပ်စစ်သံလိုက်လှုှိင်းများအကြောင်း၊ အမျိုးအမည်မသိ ရောင်ခြည်များနှင့် ထိုခေတ်ကာလ၏ ထင်ရှားကျော်ကြားသော သိပ္ပံပညာရှင်များအကြောင်း၊ “အက်တမ်”ကို အရိုးစင်းဆုံးကိရိယာတို့ဖြင့် ဖြိုခွဲ၍ “အနုစကြာဝဠာတရား”ကို ပြည့်စုံစေခဲ့သူအကြောင်းတို့ကို အပိုင်း ၂ တွင် ဖော်ပြပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|