|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗမာပြည်မှ ပေးစာများ (Letters from Burma - Aung San Suu Kyi)
-
-
Author(s):
ရဲမြလွင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 282
- Binding: Paperback
- Publication Month Year: Sep-2016
- Size: 15 cm x 21 cm
|
- Description: စစ်အာဏာရှင်လက်ထက် ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်ကာလက ဒေါ်အောင်ဆန်းစုကြည်သည် ၈၈ အရေးအခင်းနောက်ပိုင်းကာလ သူမ၏ အတွေ့အကြုံများအကြောင်းကို ပေးစာဆောင်းပါးပုံစံဖြင့် ရေးသားကာ ဂျပန်နိုင်ငံ အဆာဟိရှင်းဘွန်း သတင်းစာကြီးသို့ ပေးပို့ခဲ့သည်။ ယခုစာအုပ်ပါ ဆောင်းပါးများသည် အဆိုပါသတင်းစာကြီး၌ ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်အတွင်း ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်နှင့် ၁၉၉၆ ခုနှစ် ကြားကာလ စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ဥပဒေမဲ့ လုပ်ဆောင်မှုများအကြောင်း၊ စစ်အစိုးရ၏ မတရားဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရသော ဦးဝင်းတင် (ဟံသာဝတီ) အပါအဝင် သူမ၏ လုပ်ဖော်ကိုင်ဖက်များအကြောင်း၊ NLD ၏ ရဲလေးဖော်ဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးကြည်မောင်၊ သူရဦးတင်ဦးတို့အကြောင်း၊ စစ်အစိုးရ၏ လက်မရွံ့သားများ ကိုယ်ထိလက်ရောက် လုပ်ကြံရန် ကြိုးစားမှုကို ခံခဲ့ရပုံများ၊ အာဏာပိုင်များ ဖမ်းဆီးခြင်း ခံခဲ့ရသည့် NLD အဖွဲ့ဝင်များ အာဏာရှင်စနစ်ဆိုး၏ သားကောင်ဖြစ်ကာ အသက်ပေးခဲ့ရပုံ၊ အစိုးရဌာနများ၏ အဂတိလိုက်စားမှုများအကြောင်းကို ဆောင်းပါးများတွင် မှတ်တမ်းတင်ရေးသားဖော်ပြထားသည်။ စာအုပ်ပါ ဆောင်းပါးများသည် နိုင်ငံရေးသဘောတရားများလည်း မဟုတ်သလို လေးလံသော အတွေးအခေါ်များလည်း မဟုတ်ကြပေ။ ရသဆန်ပြီး ပင်ကိုယ်က လှပသော အတွေးများ၊ အတွေ့အကြုံများ၊ ယဉ်ကျေးမှုများ၊ လူ့သဘာဝများနှင့် အခက်အခဲများကို ယင်းကာလက ဗမာပြည်သူများ၏ ကိုယ်စား ဖော်ထုတ်ပေးခဲ့သော အသံများဖြစ်သည်ဟု ထုတ်ဝေသူက ညွှန်းဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|