|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သူ ဦးသိန်းဖေမြင့်က သူ၏ ကျယ်ပြန့်ထွေပြားသော ဘဝအတွေ့အကြူံများ၊ သူတို့ဇနီးမောင်နှံ၏ ဘဝဖြတ်သန်းမှုများ၊ သားသမီးတို့၏ ဘဝဖြစ်စဉ်များကို ဝတ္ထုပုံစံ ကိုယ်ရေးဘဝမှတ်တမ်းအဖြစ် ရေးသားမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ကို သူတို့ အိမ်ထောင်သက် ၂၅ နှစ်ပြည့်မြောက်သည့်အချိန်က စတင်ရေးသားခဲ့ခြင်း ဖြစ်သည်။ စာအုပ်တွင် အဓိကဇာတ်ကောင်များအဖြစ် စာရေးသူ ကိုယ်တိုင်နှင့် ဇနီး၊ သားသမီးများ၊ ကလေးများ၏ အဒေါ်တစ်ယောက်၊ အိမ်တွင် မွေးထားသော ခွေးနှင့် ကြောင်များကိုလည်းကောင်း၊ ဇာတ်ရံများအဖြစ် ငွေရတုသဘင်သို့ တက်ရောက်လာသော ဆွေမျိုး မိတ်သင်္ဂဟနှင့် ဆရာသမားများကို လည်းကောင်း ထားရှိလျက် ခပ်ရွှင်ရွှင် ခပ်သောသောဖြင့် ရေးသားထားသည်။ ထို့ပြင် အိမ်ထောင်သည်ဘဝအပေါ် စာရေးသူနှင့် သူ၏ ဇနီးဖြစ်သူတို့၏ ခံယူချက်၊ အိမ်ထောင်သည်ဘဝကို စတင်တည်ဆောက်ခဲ့စဉ်က အမှတ်တရများ၊ သားသမီးများအား ပညာအမွေပေးလျက် ပြုစုပျိုးထောင်ခဲ့ပုံ၊ မိဘဆွေမျိုး မိတ်သင်္ဂဟများနှင့် စသည်တို့ကိုပါ အိမ်ထောင်ရေး ဗဟုသုတ ကျမ်းငယ်တစ်စောင်ပုံစံဖြင့် တင်ပြထားသည်။ ဝတ္ထုကောင်းတစ်ပုဒ်၏ ရသကို ခံစားရင်း စာရေးသူ၏ ဘဝကိုပါ သိရမည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|