|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ၁၉၈၆ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Elie Wiesel ရေးသားသည့် ကိုယ်တွေ့မှတ်တမ်းစာအုပ် Night ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်အာဏာရှင် ဟစ်တလာသည် စစ်အကျဉ်းစခန်းများ ထူထောင်ပြီး ဥရောပတိုက်ရှိ နိုင်ငံအများမှ ဂျူးလူမျိုးများနှင့် အခြားအပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာ နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့ရာ ၎င်းတို့အနက် အော့စဝစ်(ချ်)အကျဉ်းစခန်းနှင့် ဘူခင်ဟောအကျဉ်းစခန်းတို့သည် အထင်ရှားဆုံးစခန်းနှစ်ခု ဖြစ်ခဲ့သည်။ ထိုအကျဉ်းစခန်းများသို့ မူရင်းစာရေးသူသည် သူ၏မိသားစုနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ ယခုစာအုပ်သည် အကျဉ်းစခန်း ၂ ခုတွင် သူကိုယ်တိုင် မြင်တွေ့သိရှိခဲ့သည်များကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အကျဉ်းသားတို့၏ အနိဋ္ဌာရုံမြင်ကွင်းများနှင့် သူကိုယ်တိုင် ခံစားထိတွေ့ခဲ့ရသည်များကို နာကျည်းဖွယ်၊ ရွံရှာစက်ဆုပ်ဖွယ်ကောင်းအောင် ရေးသားတင်ပြထားနိုင်သည်ကို တွေ့ရသည်။ မူရင်းစာရေးသူသည် ယခုအခါ အမေရိကန်နိုင်ငံ၊ ဘော့စ်တွန်တက္ကသိုလ်တွင် လူသားချင်း ကိုယ်ချင်းစာနာမှုဆိုင်ရာ လူမှုဘာသာရပ်ဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|