|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: သူ့ဆန်စား၍ရဲသော ငထင်ငယ်၊ မြင်းသည်လေးသိန်းနှင့် ညီမျှသော သူရဲကောင်းလေးယောက်၊ ကျေးဇူးသစ္စာစောင့်သိသော ကျန်စစ်သားမင်း၊ အသက်အငယ်ဆုံး စစ်ဘုရင် မင်းရဲကျော်စွာ၊ သူရဲကောင်းကို တန်ဖိုးထားသည့် မွန်ဘုရင်ရာဇဓိရာဇ်၊ သဘောထားပြည့်ဝ၍ ရဲရင့်သော မွန်အမတ်သူရဲကောင်း သမိန်ဗရမ်း၊ သခင်အပေါ် သစ္စာကြီးသည့် မွန်သူရဲကောင်း ဥပါကောင်း၊ ဘုန်းလက်ရုံးနှင့် ပြည့်စုံသော အလောင်းစည်သူမင်းကြီး၊ ရဲရင့်သော သူရဲကောင်း ရန်မန်ငထွေး၊ လက်ရုံးခွန်အားနှင့် ပြည့်စုံသော ပန်းပဲမောင်တင့်တယ်၊ မတရားမှုကို ဆန့်ကျင်သည့် သူဆင်းရဲ၊ တရားစောင့်သော ရခိုင်ဘုရင်မင်းထီး၊ ဦးဆွေးဆံပြည့် အုတ်လှငယ်၊ ရဲရင့်၍ သစ္စာရှိသော သူခိုးငတက်ပြား၊ ကျေးဇူးတရားကို စောင့်သိသော ငခင်ညို၊ တရားမျှတစွာ အုပ်ချုပ်သည့် မွန်မင်းဗညားပရော်၊ တာဝန်ကျေသော တံခါးမှူး၊ ရဲရင့်တည်ကြည်သော နှလုံးရည်ပိုင်ရှင် အနန္တသူရိယ၊ အမှုတော်ကို အသက်ပေး၍ ထမ်းရွက်သူ ရေနံ့သာစား၊ နောင်ရိုးတိုက်ပွဲနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ ဒုတိယမြန်မာနိုင်ငံတော်ကို ပြန်လည်တည်ထောင်ခဲ့သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာ ခေါ် ဆင်ဖြူများရှင်မင်းကြီး၊ ဣန္ဒြေကြီး၍ လိုရင်းအလုပ်ကိုသာ ဂရုပြုသော ရမည်းသင်းစား သီလဝ၊ ပညာရှိ၍ သတိမြဲသော အမတ်ကြီး ဝန်မင်းရာဇာ၊ သတ္တိ, ဗျတ္တိနှင့် ပြည့်စုံသည့် စစ်သူကြီးဘယဂါမဏိ၊ ထီးလိုမင်းလို ဇေယျသိင်္ခမင်း၊ ဉာဏ်ပညာနှင့် ပြည့်စုံသော မိဖုရားစော၊ ပညာ၌ မွေ့လျော်သော ကျစွာနှင့် သံပျင်၊ နရသီဟပတေ့မင်းနှင့် ရာဇသြင်္ကံအမတ်ကြီး၊ ဘုန်းလက်ရုံးနှင့် ပြည့်စုံသော တောင်ငူဘုရင်တပင်ရွှေထီး၊ တော်တည့်ဖြောင့်မှန်သော စိတ်နှလုံးရှိသည့် နရပတိမင်းကြီးတို့အကြောင်း အပါအဝင် မြန်မာ့သမိုင်းတစ်လျှောက်မှ ကလေးတို့ စံပြုထိုက်သော အတုယူထိုက်သော သူရဲကောင်းများ၊ ဘုရင်ဧကရာဇ်များ၊ မှူးမတ်များနှင့် လူပုဂ္ဂိုလ်များအကြောင်းကို ကလေးများ စိတ်ဝင်စားမည့် အရေးအသားပုံစံဖြင့် ရေးသားတင်ပြထားသော စာအုပ်ဖြစ်သည်။ ကလေးငယ်များကို ဆင်ခြင်တုံတရားနှင့် ပြည့်စုံသော လူတော်လူကောင်းတစ်ယောက် ဖြစ်လာစေရန် တွန်းအားပေးမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|