|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- နောက်တန်းက ဗမာတစ်ယောက် (ဗိုလ်နေဝင်းခေတ် နိုင်ငံရေးအကျဉ်းသား၊ ဝရမ်းပြေးနှင့် လက်နက်ကိုင်တော်လှန်ရေးသမားတစ်ဦး၏ အနုအကြမ်း ဘဝဇာတ်လမ်း)
-
-
Author(s):
အေးဆောင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 381
- Binding: Paperback
- Publication Month Year: Oct-2014
- Size: 15 cm x 23 cm
|
- Description: ဗိုလ်ချုပ်နေဝင်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးအချိန်ကာလက တက္ကသိုလ်တက်နေစဉ် ကျောင်းသားဘဝဖြင့် မန္တလေးထောင်၌ ထိန်းသိမ်းခြင်း ခံခဲ့ရသူ၊ တဖန် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၌ ပါဝင်မှုကြောင့် တောင်ငူတွင် ဖမ်းခံရပြီး အာမခံဖြင့် လွှတ်နေချိန်၌ ရှမ်းတော်လှန်ရေးနှင့် ကရင်တော်လှန်ရေးအဖွဲ့များဖြင့် ချိတ်ဆက်မိကာ တောတွင်းလက်နက်ကိုင် တော်လှန်ရေးသမားဘဝသို့ ကူးပြောင်းခဲ့သူ၊ လက်ရှိတွင် ထိုင်းနယ်စပ်၌ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖွဲ့ကို ခေါင်းဆောင်ပြီး မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသူ စာရေးသူ ဦးအေးဆောင်က သူ၏ နိုင်ငံရေးသမားဘဝအတွေ့အကြုံများကို ဤစာအုပ်တွင် အသေးစိတ်မှတ်တမ်းတင် ရေးသားထားသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှစတင်ကာ မြန်မာပြည်ကို ဗိုလ်ကျကြီးစိုးနေသော ဖိနှိပ်သူ စစ်အာဏာရှင်တို့သည် မည်မျှထိ ဖိနှိပ်ရက်စက်ခဲ့ကြောင်း ပြည်ပကမ္ဘာက သိရှိနိုင်စေရန်လည်းကောင်း၊ လူမုန်းများသော စစ်အာဏာရှင် အုပ်ချုပ်သူတို့ကို မည်သည့်အတွက်ကြောင့် မဖြုတ်ချနိုင်ရသလဲဆိုသည်နှင့် ပတ်သက်၍ အနှစ် ၂ဝ မျှ မြို့ပြ၊ တော၊ တောင်ထဲတွင် လှုပ်ရှားခဲ့သည့် အတွေ့အကြုံများအပေါ်မူတည်၍ သုံးသပ်လေ့လာချက်ကိုလည်းကောင်း၊ မြန်မာပြည်နိုင်ငံရေးအရှုပ်အထွေးများကို သိရှိနိုင်စေရန်အတွက်လည်းကောင်း စသည့်ရည်ရွယ်ချက်များဖြင့် ဤစာအုပ်ကို ရေးသားဖြစ်ခဲ့ခြင်း ဖြစ်ပါသည်ဟု ဆိုထားသည်။ ဤစာအုပ်ကို မူလက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှားဘာသာသို့လည်း ပြန်ဆိုခြင်း ခံခဲ့ရသည်။ အင်္ဂလိပ်ဘာသာသို့ ထုတ်ဝေသူ မိုက်မောရိုးက “ဒီစာအုပ်ဟာ စိတ်ဓာတ်ပြင်းထန်သူ၊ ဇွဲစိတ်ခိုင်မာသူတစ်ဦးရဲ့ မှတ်တမ်းဖြစ်သလို ဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ လက်ရှိနိုင်ငံရေးကို လူသားဆန်ဆန်နဲ့ ကြည့်မြင်ထားတာ ဖြစ်တဲ့အတွက် ဒီစာအုပ်က သတ္တိနဲ့ ကြင်နာမှုကို ပေးမှာဖြစ်ပါတယ်”ဟု လည်းကောင်း၊ မဇ္ဈိမသတင်းဌာန၏ စာအုပ်ဝေဖန်ခန်း (၂ဝဝ၉) ကလည်း “ ... ဘဝရုပ်ပုံများက ဖျတ်ခနဲ ဖျတ်ခနဲ ... ။ ရုပ်ဝါဒီတစ်ဦးဖြစ်လာပုံ၊ ကွန်မြူနစ်ပါတီ (အလံနီ)၏ ကျောင်းသားတစ်ဦးအဖွဲ့ဝင် မြေအောက်တော်လှန်ရေးသမားဘဝ၊ ဗိုလ်နေဝင်း၏ အကျဉ်းသား၊ ဝရမ်းပြေးဘဝနှင့် လက်နက်ကိုင် တော်လှန်ရေးသမားဘဝ ... စသည့် ဘဝအထွေထွေအား စုတ်ချက်ကြမ်းကြမ်းနှင့် တို့ထိပြထား၏။ ရသစွက်၍ ရေးဖွဲ့သဖြင့် ဖတ်ရသည်မှာ မခြောက်သွေ့ ... ။ စိုစိုစိမ်းစိမ်းရှိ၏ ... ” ဟူ၍လည်းကောင်း အသီးသီး ဝေဖန်သုံးသပ်ထားကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|