|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- မျက်ရည်ထိုးမခံသည့် ကြိုးသမားနှင့် ထောင်တွင်းဝတ္ထုတိုများ
-
-
Author(s):
ဥတ္တရနေလအောင်
- Type: Myanmar Books
-
Category:
ဝတ္ထုတို
- No of Pages: 216
- Binding: Paperback
- Publication Month Year: Oct-2014
- Size: 13 cm x 21 cm
|
- Description: စာရေးသူ၏ ထောင်တွင်းအတွေ့အကြုံများကို မှီးကာ ရေးသားသည့် ဝတ္ထုတို (၁၅) ပုဒ် စုစည်းမှု စာအုပ်ဖြစ်သည်။ ပါဝင်သော ဝတ္ထုတိုများမှာ ရန်ကုန်သားနဲ့ မန္တလာသူ၊ ပဲ့နင်းကြီးနှင့် ဓာတ်ပုံများ၊ လန်တူး၏ လားပင်စင် (တစ်)၊ လန်တူး၏ လားပင်စင် (နှစ်) သို့မဟုတ် ငန်းဖိုလ်ဝင်သား၊ လန်တူး၏ လားပင်စင် (သုံး) သို့မဟုတ် မံမီနိုးထလာခြင်း၊ ကျေးဇူးရှင် ပဉ္စသိင်္ခ၊ ပဉ္စသိင်္ခ၏ စောင်းကြိုးပြတ်ရာသီ၊ လိပ်တို့၏ မာယာ၊ နဂါးဖြစ်သွားသော လိပ်များ၊ ပုံတော်မောင်ချမန်း၊ ပုံတော်မောင်ချမန်း၏ စတုရန်းပုံ မဟာဗျူဟာ၊ ပုံတော်မောင်ချမန်း၏ တစ်စစီကွဲကြေသွားသော အချစ်စတုရန်းတစ်ချပ်၊ ရီတန်းအော့ဖ် မံမီလန်တူးနှင့် လဒသားပုံပြင်၊ သုဿန်သို့ မသွားသော သေသောသူ “လက်ကောက်တူး”၊ အထီးကျန်ဝါဒ (သို့မဟုတ်) မျက်ရည်မထိုးသည့် ကြိုးသမားတို့ ဖြစ်ကြသည်။ စာရေးသူ၏ သူငယ်ချင်းဖြစ်သူ စာရေးဆရာ ကျော်ရင်မြင့်က အမှာစာရေးပေးထားရာ၌ “ ... အကျဉ်းထောင်ထဲမှာ ကျဉ်းကြပ်ဆင်းရဲစွာ နေထိုင်ကြရတဲ့အခါ လူတွေမှာ ဟန်ဆောင်ဖုံးကွယ်ထားခဲ့တာ အချို့ပွင့်ထွက်သွားပြီး ဥပဓိရုပ်အမှန် ပေါ်လာလေ့ရှိတယ်။ ယခုစာဖတ်သူလက်ထဲကို ရောက်နေတဲ့စာအုပ်ထဲမှာ လူတွေရဲ့ ပကတိစရိုက်တွေကို မြင်တွေ့ရပါလိမ့်မယ်။ လူ့သဘာဝတွေကို သိမြင်ခွင့် ရကြပါလိမ့်မယ်။ စာရေးသူက လူ့သရုပ်ကို ပေါ်လွင်အောင် ခြယ်မှုန်းနိုင်တာ ဖတ်ရပါလိမ့်မယ်။ ... ”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|