|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: အသက် (၄ဝ) မပြည့်မီတွင် တိုင်းမှူးအဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဆင့်ထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ၊ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အငြိုးကြီးမှူကြောင့် နောက်ဆုံးတွင် အငြိမ်းစားယူခဲ့ရသူ၊ ဗိုလ်ကြီးအုန်းကျော်မြင့်အမှုတွင် ထိန်ချန်သည်ဟူသော စွဲချက်ဖြင့် ထောင်ဒဏ်အကျခံရသူ၊ ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးအကြောင်းကို သူနှင့်အတူ (၅) နှစ်ခန့်မျှ အတူတွဲဖက်တာဝန်ထမ်းဆောင်ခဲ့သူ တပည့်ရင်း အငြိမ်းစားဗိုလ်မှူးကြီးညွန့်ဆွေက မှတ်တမ်းတင်ရေးသားထားခြင်း ဖြစ်သည်။ သူရဦးတင်ဦး၏ ဘဝကို အပိုင်း (၅) ပိုင်းခွဲကာ မှတ်တမ်းတင်ရေးသားထားပြီး ၎င်းတို့မှာ ဒုတိယကမ္ဘာစစ်ကာလ၊ ဒုတိယကမ္ဘာစစ်ပြီးကာလ၊ ကျူးကျော်သူ တရုတ်ဖြူစစ်ဆင်ရေးကာလ၊ တိုင်းမှူးကိုယ်တိုင် ပြောကြားသမျှ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကာလဟူ၍ ဖြစ်သည်။ စစ်ထဲဝင်မည့် မောင်တင်ဦး၊ ဗိုလ်လောင်းတင်ဦး၊ ဗိုလ်လေးတင်ဦး၊ ဗိုလ်ကြီးတင်ဦး၊ ဗိုလ်မှူးတင်ဦး၊ ဒုဗိုလ်မှူးကြီးတင်ဦး၊ ဗိုလ်မှူးကြီးတင်ဦး (တော်လှန်ရေးကောင်စီဝင်တိုင်းမှူး) ဘဝများကို စာအုပ်မှတဆင့် အသေးစိတ် လေ့လာသိရှိနိုင်ကြမည် ဖြစ်သည်။ သူ့၏ဘဝနှင့်အတူ တိုင်းပြည်၏ အကျပ်အတည်းကာလ သမိုင်းတစ်ကွေ့မှ မြန်မာ့တပ်မတော်အကြောင်းနှင့် ဘုရင့်နောင်စစ်ဆင်ရေး၊ တရုတ်ဖြူစစ်ဆင်ရေးအကြောင်းများကိုပါ မှတ်တမ်းတင်ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|