|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရန်ကုန်သား ကျားဘမ်းသူဌေးကြီး၏ စီးပွားရေးစွန့်စားခန်းများ
-
-
Author(s):
မောင်ပေါ်ထွန်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 333
- Binding: Paperback
- Publication Month Year: Jan-2015
- Size: 13 cm x 21 cm
|
- Description: စစ်ကြိုခေတ်က ရန်ကုန်မြို့မှ “အိန်အန်တောင်” ကုမ္ပဏီကိုလည်းကောင်း၊ ထိုကုမ္ပဏီမှ ထုတ်လုပ်သော ကျားဘမ်း ပရုတ်ဆီ၊ ဗလရှင် ဆေးပြားနှင့် အခြားအိမ်သုံးဆေးဝါးများကိုလည်းကောင်း လန်ချားသမား မရွေး၊ အရာရှိ အရာခံ သူဌေးသူကြွယ် မရွေး၊ ရဟန်းရှင်လူ လူကြီးလူငယ်မရွေး သိရှိကြသည်။ ယနေ့ခေတ်တွင်မူ စင်ကာပူတွင် “အိန်အန်တောင်” ဆေးတိုက်ကြီး၊ အိမ်ဖြူတော်ကြီးနှင့် ဟောပါးဗီလာ ပျောယ်စရာ ရွှင်စရာ ဥယျာဉ်ကြီးတို့ကို စင်ကာပူရောက်ဖူးသူတိုင်း သိရှိကြသည်။ ယခုစာအုပ်သည် ထိုအရာများ အားလုံးကို ပိုင်ဆိုင်သည့် အရှေ့တောင်အာရှတစ်ခွင်တွင် “ကျား”ဘမ်းသူဌေးကြီးဟု ထင်ပေါ်ကျော်ကြားသော တရုတ်အမျိုးသား အောဘွန်ဟော (Aw Boon Haw)အကြောင်းစာအုပ်ဖြစ်သည်။ ရန်ကုန်ဇာတိဖြစ်သော သူသည် ပညာအဆင့်အတန်းအားဖြင့် အလယ်တန်းပင်မအောင်၊ ငယ်စဉ်က ကျောင်းပြေး၊ လူပွေ၊ လူပေါ်ကြော့အဖြစ် နာမည်ဆိုးရရှိခဲ့သော်လည်း သာမန်အိမ်သုံးဆေးဝါးတစ်မျိုးကို ရန်ကုန်မြို့၌ တီထွင်ထုတ်လုပ်လိုက်ရာမှ အာရှတွင် အချမ်းသာဆုံးသော စွန့်ဦးတီထွင်လုပ်ငန်းရှင်ဘဝသို့ ရောက်ရှိသွားခဲ့သူဖြစ်သည်။ စိတ်ဝင်စားစရာ၊ အတုယူဆရာ၊ အားကျစရာ၊ နည်းယူစံပြုဖွယ်အတိဖြစ်နေသည့် သူ၏ဘဝအကြောင်းကို ဤစာအုပ်တွင် ငယ်ဘဝမှသည် ကွယ်လွန်ချိန်အထိ အစအဆုံး မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|