|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ချစ်စွာသော မြန်မာဧည့်လမ်းညွှန်သို့ (ပြင်သစ်အမျိုးသမီးတစ်ဦး၏ မြန်မာပြည်ခရီးစဉ် မှတ်တမ်း)
-
-
Author(s):
စောနိုင်ဦး
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 147
- Binding: Paperback
- Publication Month Year: Feb-2015
- Size: 18 cm x 18 cm
|
- Description: မြန်မာနိုင်ငံကို အလည်အပတ်လာခိုက် ဓာတ်ပုံရိုက်ရင်း ခရီးသွားစာပေအဖြစ် ရှုထောင့်မျိုးစုံမှ မှတ်တမ်းတင်ရေးသားခဲ့သော ပြင်သစ်နိုင်ငံသူ Sophie Jarlier ရေးသားသည့် Elan Hnyon စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အရာရာကို စေ့စေ့စပ်စပ်မြင်နိုင်လှသည့် မူရင်းစာရေးသူက မြန်မာနိုင်ငံ၏ အင်းလေးကန်အကြောင်း၊ ဆေးပေါ့လိပ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ရှားပါးသည့် “ကြာရိုး”မှ လျှော်ထုတ်ပြီးရက်သည့် ကြာထည်လုပ်ငန်း၊ ပုဂံဒေသ၊ ကလော၊ မန္တလေး မဟာမြတ်မုနိဘုရား အစရှိသည့် ဒေသအကြောင်း၊ ဒေသခံများ၏ စီးပွားရေးလုပ်ငန်းအကြောင်းအပြင် မြန်မာနိုင်ငံ၏ လူနေမှုဘဝ၊ ဘာသာတရား၊ ယဉ်ကျေးမှုနှင့် လူမှုသဘာဝပတ်ဝန်းကျင်အကြောင်းများကို ထိထိမိမိ ကျစ်ကျစ်လစ်လစ်ဖြင့် ရေးသားမှတ်တမ်းတင်ထားနိုင်သည်ကို တွေ့ရသည်။ သူ၏ ရေးသားမှတ်တမ်းတင်ချက်များအပြင် မြန်မာပြည်ခရီးစဉ်တစ်လျှောက် သူရိုက်ကူးထားသည့် မူရင်းစာအုပ်ပါ မှတ်တမ်းတင်ဓာတ်ပုံများကိုပါ အပြည့်အစုံ ထည့်သွင်းပေးထားသည်။ မြန်မာပြည်အကြောင်း သိရှိလိုသူ၊ မြန်မာပြည်သို့ ခရီးသွားလာလိုသူများနှင့်တကွ မြန်မာခရီးသွားလမ်းညွှန်လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူတိုင်းအတွက် ကိုးကားဖတ်ရှုရန် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|