|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တော်လှန်ရေးကာလသက် နှစ်ပေါင်း (၂၅) နှစ်ရှိပြီဖြစ်သော ABSDF ကျောင်းသားတပ်မတော်သည် မည်သည့်အတွက်ကြောင့် အောင်မြင်မှု မရသေးသည်ဆိုသည်နှင့် ဘာတွေဖြစ်ပျက်ခဲ့သည်ဆိုသည်ကို ABSDF ကျောင်းသားတပ်မတော်၏ ပထမဦးဆုံး ဥက္ကဖြစ်သူ စာရေးသူက ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ ၈၈ အရေးအခင်းကို အဆုံးသတ်စေခဲ့သည့် စစ်တပ်မှ အာဏာသိမ်းပြီး သူတောခိုခဲ့ချိန်မှ စတင်ကာ ABSDF ကျောင်းသားတပ်မတော်အဖွဲ့တွင် မိုးသီးဇွန် - ဒေါက်တာနိုင်အောင် ၂ ဖွဲ့ကွဲချိန်အထိ ဖြစ်စဉ်များကို စာအုပ်တွင် အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ အေဘီတောင်ပိုင်းနှင့် မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့သည်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မြောက်ပိုင်းလူသတ်မှု၊ မိုးသီးဇွန်နှင့် ဒေါက်တာနိုင်အောင် အကွဲအပြဲ၊ လက်နက်ကိုင်တော်လှန်ရေး ဘာကြောင့် မအောင်မြင်ရသလဲ၊ ဘာတွေ သင်ခန်းစာယူရမလဲအပါအဝင် စာရေးသူ၏ တော်လှန်ရေးအတွေ့အကြုံများ၊ ABSDF ၏ သမိုင်းကြောင်း၊ သမိုင်းအလှည့်အပြောင်း၊ တော်လှန်ရေး ရဲဘော်ရဲဘက်များအကြောင်း အစရှိသည်တို့ကို စာအုပ်မှတဆင့် လေ့လာသိရှိကြရမည် ဖြစ်သည်။ စာရေးသူ၏ ကိုယ်ရေးအကျဉ်း၊ စာအုပ်မာတိကာနှင့် အမှာစာကို ဖော်ပြလိုက်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|