|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် ထင်ရှားခဲ့သော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ၊ မြန်မာ့တော်လှန်ရေး သမိုင်းအဆက်ဆက်တွင် ရှေ့တန်ကပါဝင်ခဲ့သူ၊ မာ့က်စ်လီနင်ဝါဒီဖြစ်ပြီး သူယုံကြည်သော ကွန်မြူနစ်စနစ်ကို တိုင်းပြည်၏ ထူးခြားသော အခြေအနေများနှင့် လိုက်လျောညီစွာ ဆက်စပ်မကျင့်သုံးဘဲ ပုံတူကူးချရန် ကြိုးစားရာမှ ကျရှုံးခဲ့သူ သခင်သန်းထွန်းအကြောင်းနှင့် သူ၏ ပါတီဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အကြောင်းကို ဤစာအုပ်တွင် အသေးစိတ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ သခင်သန်းထွန်းနှင့် ပတ်သက်၍ အကျယ်ပြန့်ဆုံး မှတ်တမ်းတင် ရေးသားထားသော စာအုပ်ဖြစ်သလို မြန်မာ့နိုင်ငံရေးလောကကို များစွာဂယက်ထစေခဲ့သော စာအုပ်လည်း ဖြစ်သည်။ စာအုပ်ကို အလင်းဝင် ဗကပများဖြစ်ကြသည့် ရဲဘော်ဘခက်၊ ရဲဘော်မင်းဒင်နှင့် ရဲဘော်စောလှတို့က ရေးသားပြုစုထားခြင်း ဖြစ်သည်။ စာရေးသူ (၃) ဦးအကြောင်း၊ စာအုပ်မာတိကာနှင့် စာအုပ်အကြောင်း အမှာစာတို့ကို ဖတ်ရှုနိုင်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|