|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြတ်ဗုဒ္ဓ ပွင့်တော်မူရာ မဇ္ဈိမဒေသ
-
-
Author(s):
အရှင်ကေလာသ (ဓမ္မာစရိယ)
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 217
- Binding: Paperback
- Publication Month Year: Jul-2013
- Size: 19 cm x 26 cm
|
- Description: S.Dhammika ရေးသားသည့် A Pilgrim's Guide To The Buddha's India Middle Land Middle Way စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဗုဒ္ဓဂယာ အပါအဝင် ဗုဒ္ဓဝင်နေရာတော်များနှင့် ပတ်သက်သည့် အချက်အလက်များကို ထေရဝါဒပါဠိတော် အဋ္ဌကထာ မှတ်တမ်းများကို နောက်ခံပြု၍ ရှေးဟောင်းသုတေသနရှုထောင့်မှ တင်ပြထားသည့် စာအုပ်ဖြစ်သည်။ ဗုဒ္ဓဝင်နေရာတော်တစ်ခုချင်းစီ၏ ခေတ်အဆက်ဆက် ခမ်းနားတောက်ပခဲ့ပုံကို နောက်ခံသမိုင်းဗဟုသုတများနှင့်အတူ ရေးသားတင်ပြထားသည့်အတွက် ဗုဒ္ဓဂယာသို့ သွားရောက်မည့်သူများ၊ သွားရောက်ပြီးသော်လည်း နောက်ခံသမိုင်းကြောင်း သေသေချာချာ မသိရှိကြသေးသူများ၊ ဗုဒ္ဓဂယာအကြောင်းကို စိတ်ဝင်စားသူများအတွက် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။ စာရေးသူကလည်း ဤစာအုပ်သည် မဇ္ဈိမဒေသသို့ ဘုရားဖူးသွားရောက်စေရန်နှင့် ရောက်ပြီးသူများအား လက်တွေ့ကို စာတွေ့နှင့် ပေါင်းကူးပေးထားသော စာအုပ်ဖြစ်ကြောင်း၊ သဒ္ဓါတရားဖြင့် သံဝေဇနိယလေးဌာနသို့ ဘုရားဖူးရောက်ရှိကြသူများအား နတ်ပြည်သို့ ရောက်ရှိစေနိုင်သော အကျိုးတရားကို ဒီဃနိကာယ်လာအတိုင်း အကျယ်တဝင့် ဖော်ပြထားကြောင်း၊ ဗုဒ္ဓခေတ် ဗုဒ္ဓဝင်နှင့် သက်ဆိုင်သည့် မှတ်သားဖွယ်အကြောင်းအရာများဖြင့် ပြည့်နှက်နေသော ဤစာအုပ်၏ ဓမ္မရသကို စာရှုသူများကိုယ်တိုင် ဖတ်ခြင်းသည်သာ အကောင်းဖြစ်ကြောင်း ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|