|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကျွန်တံငါသည် (အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျင်နာကျွန်းတွင် (၁၀) စုနှစ်များတိုင်အောင် တံငါသည်အဖြစ် ကျွန်ပြုခြင်းခံရသည့် မြန်မာများ၏ ခက်ခဲကြမ်းတမ်းခဲ့ရသော ဖြစ်ရပ်မှန်ဇာတ်ကြောင်းများ)
-
-
Author(s):
နိုင်ဦး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 198
- Binding: Paperback
- Publication Month Year: Aug-2016
- Size: 14 cm x 21 cm
|
- Description: အင်ဒိုနီးရှားနိုင်ငံ၏ အစွန်အဖျား၊ ပင်လယ်ကျွန်းရွာလေးတစ်ရွာဖြစ်သော်လည်း ကားလမ်းမရှိ၊ ဖုန်းအဆက်အသွယ်မရှိ၊ လှိုင်းလေထန်သော ပင်လယ်ကြီးကြောင့် သီးခြားကမ္ဘာငယ်လေးတစ်ခုသဖွယ် ဖြစ်နေသော ဘင်ဂျင်နာကျွန်းတွင် (၁ဝ) စုနှစ်များတိုင်အောင် တံငါသည်အဖြစ် ကျွန်ပြုခြင်းခံရသည့် မြန်မာများ၏ ခက်ခဲကြမ်းတမ်းခဲ့ရသော ဖြစ်ရပ်မှန်ဇာတ်ကြောင်းများကို မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ သူတို့အကြောင်းကို ကမ္ဘာကြီးကို ဖွင့်ချပြရန်အတွက် AP သတင်းထောက် Robin McDowellနှင့် Margie Masonတို့က စတင်ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး တကယ်လုပ်ဆောင်သောအခါတွင်မူ လျှို့ဝှက်ပြီး အန္တရာယ်များလှသည်ကို တွေ့ကြုံခဲ့ရသည်။ သို့သော် သူတို့၏ ဇွဲနဘဲနှင့် အားထုတ်မှုကြောင့် သတင်းစတစ်စကို ခြေရာခံမိပြီး ထိုမှတဆင့်လိုက်ရင်း အရှေ့အင်ဒိုနီးရှားသို့ ရောက်ရှိခဲ့ကြသည်။ ထိုနေရာတွင် ရေလုပ်သားသင်္ဘေသားများကို ပြန်ပေးဆွဲပြီး အကျဉ်းချထားသည့် ဘင်ဂျင်နာကျွန်းကို တွေ့ရှိခဲ့ကြသည်။ ထိုကျွန်တံငါသည်များ ကျွန်းပေါ်သို့ မည်သို့ရောက်ရှိလာပုံ၊ မည်သို့ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်ကိုင်ကြရပုံ၊ ထွက်ပြေးသူများကို မည်သို့စီရင်ပုံများနှင့် စာရေးသူတို့ ဖော်ထုတ်မှုကြောင့် ကမ္ဘာမှ အာရုံစိုက်သတိပြုမိကာ ကျွန်ဘဝမှ မည်သို့လွတ်မြောက်ခဲ့ပုံများကို ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ Martha Mendoza, Robin McDowell, Margie Mason, Ester Htusan တို့ရေးသားသည့် Fishermen Slaves (Human Trafficking and the Seafood We Eat) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မူရင်းစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် ပူလစ်ဇာ (Pulizer) ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|