|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မြန်မာ့ဗလခရီး၊ ကာယဗလဖခင်နှင့် မြန်မာ့လူသန် ဇော်ဝိတ်ကြီး
-
-
Author(s):
ကျော်မြင့်လွင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 632
- Binding: Paperback
- Publication Month Year: Jul-2017
- Size: 15 cm x 21 cm
|
- Description: မြန်မာစာပေသမိုင်းတွင် ရှားရှားပါးပါး ကာယဗလစာအုပ်များ ရေးသားသူ စာရေးသူ၏ အတ္ထုပ္ပတ္တိစာအုပ် ၂ အုပ် စုစည်းမှုစာအုပ်ဖြစ်သည်။ သာယာဝတီ ဆရာစံ သူပုန်မထမီ ရန်ကုန်မြို့တွင် စာရွက်ဝါဖြင့် သူပုန်ထရန် လှုံ့ဆော်ခဲ့သူ၊ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်ကတည်းက ရှေးဦးစတန့်ရုပ်ရှင်ဇာတ်ကားများတွင် ကိုယ်တိုင်ပါဝင်ရိုက်ကူး၍ အားကစားဝါဒ ပြန့်ပွားအောင် လှုံ့ဆော်ခဲ့သူ၊ ကိုလိုနီခေတ် အင်္ဂလိပ်ကျွန်သဘောက်ဘဝတွင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် အမျိုးသားကျန်းမာကြံ့ခိုင်ရေး ကာယဗလလုပ်ငန်းများဖြင့် တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဖြစ်သွားအောင် ဦးဆောင်စည်းရုံး လှုံ့ဆော်ခဲ့သူ၊ မြန်မာကို ကမ္ဘာကို သိရမည်ဟူသော အမျိုးသားစိတ် အမျိုးသားမာန် ပြင်းထန်စွာဖြင့် တဲကလေးအတွင်းမှ ကမ္ဘာကို ကြုံးဝါးခဲ့သူ၊ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့အားမာန် စိတ်ဓာတ်များဖြင့် အာရှနှင့် ကမ္ဘာ့အလေးမပြိုင်ပွဲများတွင် မြန်မာ့ဂုဏ်ကို မြှင့်တက်ခဲ့သူ၊ နိုင်ငံနှင့် လူမျိုးအတွက် စာပေစေတနာကြီးမားသူ ကာယဗလဖခင်ကြီး ဦးရှိန်အကြောင်း၊ သူ၏ အားပေးကူညီဖြင့် အိန္ဒိယအင်ပါယာ အလေးမချန်ပီယံဘွဲ့ရယူခဲ့သူ၊ ထိုမှတဆင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲသို့ အခက်အခဲအမျိုးမျိုးကြားမှ သွားရောက်ယှဉ်ပြိုင်ခဲ့သူ မြန်မာ့လူသန်ကြီး ဇော်ဝိတ်အကြောင်းတို့ကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၇၅ ခုနှစ် အမျိုးသားစာပေဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|