|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: သင့်ဘဝMagazineမှ ကိုတင်မောင်သန်းက ဆရာအောင်သင်းအား ဘဝရည်မှန်းချက်နှင့် ပက်သက်၍ ဟောပြောပွဲတစ်ခု စီစဉ်ပေးသည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော လူငယ်များ၏ မေးမြန်းချက်များကို ဆရာအောင်သင်းက ပြန်လည်ဖြေကြားခဲ့ရာ ထိုဟောပြောချက်များနှင့် အမေးအဖြေများကို စုစည်းထုတ်ဝေခြင်းဖြစ်သည်။ မေးခွန်းများတွင် ရည်မှန်းချက်နှင့် ယုံကြည်မှု ဘယ်လိုကွာခြားသလဲ? လူတစ်ယောက်၏ ချမ်းသာလိုစိတ်သည် သူ၏ ဘဝတစ်လျှောက်တွင် အန္တရာယ်ရှိနိုင်/ မရှိနိုင်? မိမိမိသားစုအတွင်းမှ ရုန်းထွက်ပြီးမှ၊ ခေတ္တခွဲခွာရပြီးမှ ဖြစ်ရမည့် ဘဝရည်မှန်းချက်မျိုး ထားသင့်/မသင့်? အလွန်သံယောဇဉ်ကြီးသော အိမ်ထောင်ဖက် မိသားစုလို/မလို? လူ့ဘဝ၏ တန်ဖိုးအရှိဆုံးအချိန်သည် ဘယ်အချိန်လဲ? ဘွဲ့ရပြီးသူများ မကြီးပွားဘဲ ၁ဝ တန်းမအောင်၊ စာမရေး မဖတ်တတ်သူများ ကိုယ်ပိုင်လုပ်ငန်းဖြင့် အောင်မြင်နေတာ ဘာကြောင့်လဲ? အတွေးအခေါ်ကြောင့် ဘဝပြောင်းလဲတာလား၊ ဘဝကြောင့် အတွေးအခေါ်ပြောင်းလဲတာလား? အပါအဝင် လူငယ်များ ဝိရောဓိဖြစ်တတ်သော မေးခွန်းများကို ဆရာအောင်သင်းက ရှင်းလင်းပြတ်သားစွာ အဖြေပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|