|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ကျွန်မသိသော ယောက်ျားတစ်ယောက် (ဝစ်လစ်စတစ် ဗင့်ဆင့် ဗင်ဂိုး)
-
-
Author(s):
ဝါဝါတင့်ဆွေ
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 400
- Binding: Paperback
- Publication Month Year: Jul-2020
- Size: 13 cm x 21 cm
|
- Description: Susan Fletcher ရေးသားသည့် Let Me Tell You About A Man I Knew စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဒတ်ချ် လူမျိုး ပါရမီရှင် ပန်းချီဆရာကြီး ဗင်းဆင့် ဗင်ဂိုးသည် အသက်ရှင်နေစဉ်ကာလအတွင်း မအောင်မြင်မှုနှင့် ကျဆုံးမှု များစွာကိုသာ ရင်ဆိုင်ခဲ့ရသည်။ အထူးထင်ရှားသော ဖြစ်ရပ်တစ်ခုမှာ
သူ၏ နားရွက် တစ်ဖက်ကို ဒေါသတကြီးဖြင့် သူကိုယ်တိုင် လှီးဖြတ်ခဲ့ခြင်း ဖြစ်သည်။ စိတ်မနှံ့သူ တစ်ဦးအဖြစ်လည်း ပြင်သစ် နိုင်ငံရှိ စိန့်ရီမီ စိတ္တဇ ဆေးရုံကြီးတွင်
တက်ရောက် ကုသခဲ့ရသည်။ စိတ်ကျရောဂါ အပြင်းအထန် ခံစားနေရစဉ်အတွင်း သူသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းပင် ကြံစည်ခဲ့သည်။ ယခု ဝတ္ထုသည်
ဗင်းဆင့် ဗင်ဂိုး၏ အတ္ထုပ္ပတ္တိ စာအုပ် မဟုတ်ပေ။ သူ စိန့်ရီမီ ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဉ်ကာလအတွင်း ဆေးရုံအုပ်ချုပ်ရေးမှူး၏ဇနီး
ဂျင်းနီနှင့် တွေ့ဆုံ သိကျွမ်းခဲ့ရာ ဂျင်းနီက သူ့ကို အထူး စိတ်ဝင်စားခဲ့ပါသည်။ ဝတ္ထုတွင် ဗင်ဂိုး၏ ပန်းချီပေါ်အမြင်များ၊ ဘဝဒဿနများ၊
အချစ်ခံစားမှုများ၊ လောကအမြင်များ စသည်တို့ကို ဂျင်းနီက သူ မြင်တွေ့ခံစားရသလို တင်ပြရေးသားထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|