|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- “ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ရုပ်ပြစာအုပ် (နှစ် (၃၀) ပြည့်အကြို)
-
-
Author(s):
ပန်းချီဇော်မော်
,
ပန်းချီမြတ်ဟန်
- Type: Myanmar Books
-
Category:
ရုပ်ပြ / ကာတွန်း
- No of Pages: 400
- Binding: Paperback
- Publication Month Year: Mar-2022
- Size: 14 cm x 21 cm
|
- Description: အလုပ်သမား လူတန်းစားကို ကိုယ်စားပြုသော ကိုသံချောင်း၊ အရင်းရှင်လူတန်းစာကို ကိုယ်စားပြုသော ဘရန်၊ ပညာတတ် (အနုပညာသမား)ကို ကိုယ်စားပြုသေသာ နန္ဒာ၊ လူငယ်ထုကို ကိုယ်စားပြုသော ရဲမြင့်ဟူသော ဇာတ်ကောင်လေးဦး၏ ဆက်ဆံရေး၊ ကြုံတွေ့ရသော ပဋိပက္ခ၊ ထိုပဋိပက္ခများကို မည်သို့ဖြေရှင်းပုံနှင့်ပတ်သက်၍ ဇာတ်အိမ်ဖွဲ့ရေးသားထားသော “ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ဇာတ်လမ်းကို ရုပ်ပြစာအုပ်အဖြစ် ရေးဆွဲထားခြင်း ဖြစ်သည်။ မူရင်းစာရေးသူ မြသန်းတင့်သည် ဤဝတ္ထုကို ကိုကိုးကျွန်း၌ သူအကျဉ်းချထားခြင်း ခံရစဉ်က အတွေ့အကြုံများကိုမှီး၍ ရေးသားထားခြင်း ဖြစ်သည်။ သူရေးသားခဲ့သော ဝတ္ထုများအနက် ၁၇ ရက်အတွင်း ရေးသားခဲ့၍ အမြန်ဆုံးဝတ္ထုအဖြစ်လည်းကောင်း၊ ရင်ခုန်သံမြန်နေတုန်း ရေးသားခဲ့ခြင်းဖြစ်၍ အကြိုက်ဆုံးဝတ္ထုအဖြစ်လည်းကောင်း၊ ဝတ္ထုထွက်ရှိစဉ်က ဆိုရှယ်လစ်သရုပ်မှန်စာပေဟု ဝေဖန်ခြင်းခံခဲ့ရသဖြင့် အငြင်းပွားရဆုံးဝတ္ထုအဖြစ်လည်းကောင်း ဆရာမြသန်းတင့်က ညွှန်းဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|