|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- စကားလုံး ၁၀ လုံးနဲ့ ယုဟွာပြောတဲ့ တရုတ်ပြည် (တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးကာလအတွင်း အခရာကျခဲ့တဲ့ အခြေခံသဘောထားအမြင် ဆယ်မျိုး)
-
-
Author(s):
ဘိုဘိုဟန်
- Type: Myanmar Books
-
Category:
ကဗျာ / အက်ဆေး / ပေးစာ / မိန့်ခွန်း / ဟောပြောချက်
- No of Pages: 360
- Binding: Paperback
- Publication Month Year: Jun-2023
- Size: 14 cm x 21 cm
|
- Description: ယနေ့ခေတ် တရုတ်ပြည်ကြီးနှင့် တရုတ်လူမျိုးများ၏ အခြေအနေမှန်ကို အတွင်းကျကျ သိမြင်နားလည်ထားသည့် တရုတ်စာပေပညာရှင် Yu Hua ရေးသားသည့် China in Ten Words စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ တရုတ်ပြည်၏ သမိုင်းနောက်ခံအခြေအနေ၊ ယနေ့ခေတ် တရုတ်လူမျိုးတို့၏ စိတ်တွင် ခိုင်မာစွဲမြဲနေသည့် ရိုးရာဓလေ့နှင့် အကျင့်စရိုက်များ၊ စိတ်နေစိတ်ထားများကို ရှုထောင့် ၁၀ မျိုးမှ ရေးဖွဲ့ခြယ်မှုန်းထားသည့်စာအုပ် ဖြစ်သည်။ ခေတ်သစ်တရုတ်ပြည်၏ နိုင်ငံရေးအခြေအနေနှင့် ဓလေ့စရိုက်များကို ကိုယ်စားပြုနိုင်သည့် တရုတ်ဝေါဟာရ ၁၀ လုံး ကို အခြေပြု၍ ရေးဖွဲ့ထားသည့် အက်ဆေးဆယ်ပုဒ် ပါဝင်သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလနှင့် မော်စီတုန်းခေတ်အလွန် တရုတ်ပြည်၏ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုများအကြားက ဝိရောဓိများ၊ ၁၉၈၉ တီယန်နမ်မင် အရေးအခင်း အတွင်း ဆန္ဒပြပွဲများနှင့် ယနေ့ခေတ် တရုတ်ပြည်အတွင်း ဖြစ်ပျက်ကြုံတွေ့နေရသည့် ဖြစ်ရပ်များ၏ နောက်ကွယ်မှ အခြေခံအကြောင်းရင်းများ၊ တရုတ်ပြည်၏ ခေတ်ပြိုင်ပုံရိပ်လွှာများကို နိုင်ငံရေး၊ လူမှုရေး၊ ဓလေ့ထုံးတမ်းဆိုင်ရာ ရှုထောင့်များမှ ရဲဝင့်ပြောင်မြောက်စွာ ပြောဆိုရေးဖွဲ့ ထားသည်ကို ဖတ်ရှုနိုင်မည် ဖြစ်သည်။ မူရင်းစာရေးသူသည် စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်လှပါသည်ဆိုသော ယနေ့ခေတ် တရုတ်ပြည်နှင့် သူငယ်စဉ်ဘဝက ဆင်းရဲကျပ်တည်းခဲ့သည့် တရုတ်ပြည်တို့၏ မတူညီသောကာလနှစ်ခုကို နှိုင်းယှဉ်၍ ထိုကာလနှစ်ခု တို့အကြား အဆက်အစပ်များကို သူ၏ ကိုယ်တွေ့ဘဝဖြတ်သန်းမှုများအပေါ် အခြေခံ၍ ဤစာအုပ်ကို ရေးသားချယ်မှုန်းထားသည်။
|
|
|
|
|
|