|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မဟာမုနိ ရုပ်ပွားဆင်းတုတော်ကြီးသည် မြန်မာပြည်၌ ရှေးအလွန်ကျသော နိမ္မိတရုပ်ပွားတော်ဖြစ်သည်။ ဟာမုနိရုပ်ပွားတော်၏ ဂုဏ်သတင်းကြောင့် ခေတ်ကာလများစွာကပင် ပင့်ဆောင်
ကိုးကွယ်လိုသော ဆန္ဒဖြင့် သီရိခေတ္တရာ၊ ပုဂံ၊ ဟံသာဝတီ၊ ပဲခူးမင်းများသည် ကြိုးစားအားထုတ်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ချေ။ ဗဒုံမင်းလက်ထက်မှသာ ရခိုင်ပြည်မှ အမရပူရသို့ ရေလမ်း ကုန်းလမ်းဖြင့် ၄ လတိုင်ကြာ ပင့်ဆောင်နိုင်ခဲ့ပြီး နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။ မဟာမုနိရုပ်ရှင်တော်မြတ်သည် မန္တလေးသို့ ရောက်သူတိုင်း ဝင်ရောက်ဖူးမြှော်ရာ ဘုရားစေတီတစ်ဆူ ဖြစ်သည်။ ယခုစာအုပ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့အထိ သတင်းစာများတွင် ဖော်ပြခဲ့သည့် မဟာမုနိစေတီတော်ကြီးနှင့် ပတ်သက်သည့် သတင်းများကို စုစည်းပေးထားခြင်း ဖြစ်သည်။ မဟာမုနိရုပ်ရှင်တော်နှင့် တိုက်ရိုက်ပတ်သက်သော သတင်းများအပြင် ဘုရားပရိ၀ုဏ်အတွင်း ဆောင်ရွက်ခဲ့သော သမိုင်းဝင် အခမ်းအနားများ၊ ဂေါပကအဖွဲ့ အပါအဝင် ဘုရားနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုချက်များကို ထိုခေတ်ထိုအခါ အရေးအသားဖော်ပြချက်အတိုင်း မှတ်တမ်းတင်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|