|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်လက်မှာ ခေါင်ဇယ်လို့ ပြောစမှတ်ရှိသော မုံရွေး-ကြေးမုံ ရွာကြီးရဲ့ အကြောင်းကို ရေးသားထားသော စာအုပ်ဖြစ်သည်။ ကုန်းဘောင်ခေတ်ဦးက စတင်ပြီး ‘သမန္တ စက္ခု ဒီပနီ’ ကျမ်းအကျော်ကို ရေးသားပြုစုခဲ့သော မုံရွေးဆရာတော် အရှင်အရိယာဝံသ အာဒိစ္စရံသီကြောင့် ထင်ရှားခဲ့သလို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကိုရင်ကြီးဘဝဖြင့် ၄ နှစ် ၄ ဝါတိုင် နေထိုင်ပညာသင်ယူခဲ့သည့် ရွာ၊ တန်ဆောင်မုန်းလပြည့်ထိ ဥပုသ်နေ့တိုင်း ဘုရားပွဲများရှိနေတတ်ပြီး ကြေးသွန်းလုပ်ငန်း ၊ ပန်းပဲလုပ်ငန်း ၊ ချည်စက်လုပ်ငန်းနှင့် တောင်သူလယ်သမားလုပ်ငန်း စသည်ဖြင့် လုပ်ငန်းပေါင်းစုံဖြင့် စည်ပင်လှသော ရွာ၊ မျက်မှောက်ခေတ်တွင်လည်း စာရေးဆရာ ကိုလေးမြတ်၊ ကိုတာ၊ ကဗျာဆရာ မောင်ဆေးရိုး၊ စာရေးဆရာ အောင်ဂျမ်းမြိုင်တို့ကို ပေါ်ထွန်းစေခဲ့သော ရွာအကြောင်းကို ဖတ်ရှုရင်း ကျေးလက် လူမှုဘဝရှုခင်းများကို တွေ့ထိခံစားနိုင်ကြမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|