|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- စက္ကူကြိုးကြာ (မျှော်လင့်ချက်၊ ကုစားမှုနှင့် ပျော်ရွှင်မှုဆီသို့)
-
-
Author(s):
ဆန်းဝင်း (ပြိုင်းချောင်း)
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 176
- Binding: Paperback
- Publication Month Year: Jun-2014
- Size: 14 cm x 21 cm
|
- Description: Michael James Wong ရေးသားသည့် Senbazuru: One Thousand Steps to Happiness, Fold by Fold စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံတွင် စက္ကူကြိုးကြာရုပ်သည် ငြိမ်းချမ်းမှု၊ မျှော်လင့်ချက်နဲ့ ကုစားမှုတို့၏ အမှတ်အသားသင်္ကေတ ပျော်ရွှင်မှုငှက်ငယ်လေးအဖြစ် လက်ခံယူဆထားကြသည်။ ထူးဆန်းလှပတဲ့ ဒီကြိုးကြာငှက်လေးကို နှစ်ပေါင်းတစ်ထောင် ရှင်သန်သည်ဟုလည်း ယုံကြည်ထားကြသည်။ အကယ်၍ လူတစ်ယောက်သည် တစ်နှစ်ထဲမှာ စက္ကူကြိုးကြာအရုပ်ပေါင်း တစ်ထောင်ခေါက်နိုင်က ပစ္စည်းဥစ္စာပေါများခြင်း၊ ထာဝရကံကောင်းခြင်း၊ အသက်ရှည်အနာမဲ့ခြင်းနှင့် ပျော်ရွှင်ချမ်းမြေ့ခြင်းကဲ့သို့ လိုရာဆုတစ်ခု ဆုတောင်းပြည့်သည်ဟု ရိုးရာပုံပြင်များက ဆိုသည်။ အမှန်မှာ စက္ကူကြိုးကြာရုပ်တစ်ထောင်ခေါက်သည့် အလုပ်သည် ပေါ့သေးသေးအလုပ်မဟုတ်ပေ။ လုပ်ကိုင်လိုတဲ့ ဇွဲ‚ သတ္တိ‚ စူးစိုက်နှစ်မြုပ်မှုနှင့် ရည်မှန်းချက် ခိုင်မာရန် လိုပြီး ခေါက်ရိုးတစ်ခုစီတိုင်းကို သတိကြီးကြီးထားပြီး ခေါက်ရသည်။ စက္ကူကြိုးကြာအရုပ်တိုင်းသည် စိတ်အားတက်ကြွမှုဖြစ်စေပြီး ဒူပေနာပေခံနိုင်ရည်ကို ပေးစွမ်းသည်။ ထိုသို့ စက္ကူကြိုးကြာအရုပ်တစ်ထောင် ခေါက်ခြင်းမှတဆင့် မိမိစိတ်ကို ပြန်လည်ကုစားဖို့၊ မိမိတို့နှင့် လိုက်ဖက်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ပြီး စစ်မှန်တဲ့ပျော်ရွှင်မှုကို ရရှိခံစားနိုင်သည်ဟု ယုံကြည်ကြသည်။ ယခုစာအုပ်တွင် လှပစွာသရုပ်ဖော် တင်ဆက်ထားသည့် ဝတ္ထုပုံပြင်များ၊ နက်နဲသိမ်မွေ့သော ရှုမြင်တွေးခေါ်မှုများ၊ ပျော်ရွှင်မှုကို မည်သို့ရှာဖွေရမယ်ဆိုသည်နှင့် စက္ကူကြိုးကြာခေါက်နည်းက ပိုမိုပျော်ရွှင်ပြီး ပိုမိုမျှော်လင့်ချက်ရှိသောဘဝကို မည်သို့ဆောင်ကြဉ်းပေးသည်ဆိုသည်ကို ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
|
|
|