|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဘိက္ခုပါတိမောက် ပါဠိနှင့် နိဿယ အဓိပ္ပာယ်ရှင်းလင်းချက် အပြည့်အစုံပါသော ရဟန်းကျင့်ဖွယ် နှစ်ရာ့နှစ်ဆယ်ခုနစ်သွယ် (မိတ္တူ)
-
-
Author(s):
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 507
- Binding: Hard Cover
- Publication Month Year: 2006
- Size: 16 cm x 25 cm
|
- Description: ရဟန်းတို့ စောင့်ထိန်းလိုက်နာရသည့် ဝိနည်းတော်ကို သာမန်လူပုဂ္ဂိုလ်များ နားလည်နိုင်ခြင်းဖြင့် ကိုးကွယ်ခံရသည့် ရဟန်းသံဃာများနှင့်တကွ ကိုးကွယ်ကြသည့် ဒါယကာ ဒါယိကာမများ အာပတ်သင့်ခြင်း အပြစ်ဖြစ်ခြင်းမှ လွတ်ကင်းကာ နှစ်ဦးနှစ်ဘက် ကုသိုလ်ရရှိကြရမည်ဖြစ်သည်။ ထိုသို့ ဝိနည်းကို လူပုဂ္ဂိုလ်များနားလည်နိုင်အောင် သာသနာရေးဝန်ကြီးဌာနက ဤကျမ်းစာအုပ်ပြုစုရေးအဖွဲ့ သီးခြားဖွဲ့စည်းပေးကာ ထိုအဖွဲ့မှ စီစဉ်ထုတ်ဝေခြင်းဖြစ်သည်။ အမှာစာတွင် ... ပိဋကတ် ပါဠိစာပေ ကျမ်းကြီးကျမ်းခိုင် မသင်ကြားဖူးကြသည့် ကျောင်းထိုင်ဘုန်းကြီးများအတွက် မြန်မာစာ ဖတ်တတ်ရုံမျှဖြင့် နားလည်အောင် ဤခေတ်စကား အသုံးအနှုံး၊ ဤခေတ်စကားဝါကျဖြင့် ရေးသားပြုစုထားပါသည်။ ပါဠိ ပါဌ်သား၊ ပေါရာဏ ဝေါဟာရ၊ ခဲရာခဲဆစ်များကို အတတ်နိုင်ဆုံး ရှောင်ရှားကာ လွယ်ကူအောင် စီစဉ်ရေးသားထားပါသည်။ ကျက်မှတ် ဆောင်ထားလိုသူများအတွက် ပါဠိတော် မူရင်းနှင့် နိဿယအဓိပ္ပာယ်ကို ထည့်သွင်းပေးထားသည်။ ဤကျမ်းစာတွင် ၂၂၇ သွယ်သော သိက္ခာပုဒ်ပါဠိတော်များ အနက်အဓိပ္ပာယ်များနှင့် နေ့စဉ်နေ့စဉ် မလွဲမသွေ ကျင့်သုံးနေရသည့် အကပ်ခံမှု၊ ကပ္ပိမှု၊ အဓိဋ္ဌာန်တင်မှု၊ အဓိဋ္ဌာန်ချမှု၊ ဝိကပ္ပနာပြုမှု၊ ဝိကပ္ပနာပြန်မှု၊ အာပတ်ကုစားနည်းများကို စုံလင်စွာ ထည့်သွင်းဖော်ပြထားပါသည်။ ... ဟု ရေးသားထားသည်။ (မှတ်ချက် ။ ယခုစာအုပ်မှာ မိတ္တူကူး၍ ကဒ်ထူအဖုံးချုပ်ကာ ရောင်းချခြင်းဖြစ်ပါသည်။)
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|