|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဆရာကျော်ဝင်းက သူဖတ်မိခဲ့သည့် စာအုပ်များအကြောင်းနှင့် ၎င်းတို့ထဲမှ နှစ်သက်ရာ စာပိုဒ်များကို စာဖတ်သူများအား သူငယ်ချင်းအမှတ်ဖြင့် တိုင်တည်ကာ ရင်ဖွင့်ညွှန်းဆိုရေးသားထားခြင်းဖြစ်သည်။ ဒဂုန်တာရာ၊ မြသန်းတင့်၊ နတ်နွယ်၊ မောင်စူးစမ်း၊ မောင်ဝံသ၊ ကိုတာ၊ ဂျူးစသော မြန်မာစာရေးဆရာတွေ၏ စာအုပ်အကြောင်းများပါသလို ဆယ်မျူရယ်(လ်)ဟန်တင်တန်၊ အန်ထော်နီရယ်(လ်)ဂီဒင်၊ ဟာနန်ဒို-ဒီဆိုတိုကဲ့သို့သော နိုင်ငံတကာပညာရှင်တွေ၏ စာပေလက်ရာများအကြောင်းကိုပါ စုံစုံလင်လင် ဖတ်ရှုကြရမည်ဖြစ်သည်။ မောင်စူးစမ်း၏ ဦးနှောက်ကို ဆွခြင်း၊ ညီပုလေး၏ တစ်ကြောင်းဆွဲကလေးပန်းချီနှင့် အခြားဝတ္ထုတိုများ၊ မောင်စူးစမ်း၏ ကြက်ဥပေါ် လမ်းလျှောက်ခြင်း၊ မောင်ထင်၏ ယောမင်းကြီးဦးဘိုးလှိုင်အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း၊ ကိုတာ၏ ကိုရင်တာ၏ ရောက်တက်ရာရာများ၊ မောင်ဇေယျ၏ စာပေသမိုင်း၊ ပုဂ္ဂိုလ်ရေး အတွေးအမြင်များ၊ နတ်နွယ်၏ တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ၊ မောင်စူးစမ်း၏ လက်ဇပ်ကားနှင့် သံလွင်ပင်၊ သည်မော်နိုင်၏ အင်တာနက်ပုံပြင်၊ ပါရဂူ၏ ဝင်္ကပါလမ်းသွယ်မှ ရှန်တိနိကေတန်သို့၊ မောင်သာမည၏ ယက်ဖ်တူရှင်ကိုနှင့် တွေ့ဆုံခြင်း၊ ဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်၊ ဘိုးလှိုင်၏ ဦးနှောက်များကို မီးညှိခြင်း၊ ချစ်ဦးညို၏ မြို့မငြိမ်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်း၊ ဖေမြင့်၏ ဆတ်သေချောင်းဒဏ္ဍာရီနှင့် အခြားဝတ္ထုတိုများ၊ ကိုတာ၏ အခြားတစ်ဖက်မှ ဆင်ခြင်ရန်အကြောင်းများ၊ လူထုစိန်ဝင်း၏ နန်းစကား၊ မန်းစကား မြန်မာတို့ရဲ့ မြန်မာစကား၊ ဦးလှဒင်၏ ဗမာပြည်ဝယ် နှစ်လေးဆယ်၊ မြသန်းတင့်၏ လူများ, သက္ကရာဇ်များ - ဘဝ စာအုပ်စီးရီး၊ ဒေဝီသန့်စင်၏ စစ်ငြိမ်းသံသရာ၊ ဂျူး၏ စောင့်နေမယ်လို့ မပြောလိုက်ဘူး၊ မကြန်၏ မြန်မာ့သမိုင်းနှင့် ဆက်နွှယ်သော အနောက်နိုင်ငံသားများ၊ ကိုခါး (ကွမ်းခြံကုန်း)၏ မန္တလေးကို ရွှေမြင်းလှည်းနဲ့လည်၊ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် ထပ်ကြပ်မကွာ၊ ဒေါက်တာသန်းထွန်း၏ ခေတ်သစ်ရာဇဝင်၊ မောင်ဝံသ၏ သူတို့ဆီက စာမြည်းများ၊ ကိုခါး (ကွမ်းခြံကုန်း)၏ ဒဂုန်တာရာ သို့မဟုတ် ရုပ်ပုံလွှာတွင် ဖွဲ့နွဲ့သူ၏ ရုပ်ပုံလွှာ၊ ဂါးဒီးယမ်းဦးစိန်ဝင်း၏ အကွဲအပြဲဇာတ်လမ်း၊ ဦးသန့်၏ လက်ရွေးစင်စာများ၊ ဒဂုန်တာရာ၏ နိုင်ငံရေး ယဉ်ကျေးမှု၊ ဂျူး၏ ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ၊ ကိုကိုမောင်ကြီး၏ တစ်ရံရောအခါများ၊ ဒေါက်တာမောင်မောင်၏ သက်ရှိရာဇဝင်၊ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (ဒုတိယပိုင်း)၊ သန်းစိုးနိုင်၏ အနားသတ်မဲ့ မိုးကောင်းကင် အပါအဝင် စာကောင်းပေကောင်းများအကြောင်းကို စာရေးသူကိုယ်တိုင် ရွေးချယ် ညွှန်းဆို ရေးသား အကဲဖြတ်ထားသော စာညွှန်းစာအုပ်တစ်အုပ်ပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|