|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: နိုင်ငံတကာ လက္ခဏာပညာရှင်များတွင် ကိုင်ရိုသည် နာမည်ကျော်သကဲ့သို့ မြန်မာပြည်တွင်လည်း ဆရာစန္ဒြသည် လက္ခဏာပညာတွင် ဆရာတစ်ဆူ ဖြစ်ခဲ့သည်။ သူ့ပညာအား လေးစားထောက်ခံသူများတွင် ဝန်ကြီးချုပ်ဟောင်းဦးနု၊ ရုပ်ရှင်မင်းသမီး ဒေါ်တင်တင်မူ၊ စာရေးဆရာ ဂျာနယ်ကျော်မမလေး၊ ပဲရော့ဦးဆန်နီ၊ တော်ဘုရားကလေး(အောင်ဇေ)၊ ပတ္တမြားခင် (ဒေါ်ခင်မမကြီး-ယခု အမေရိက)တို့ ပါဝင်ကြသည်။ ယခုစာအုပ်တွင် ဆရာကြီး မွေးဖွားချိန်မှ စတင်ကာ ဘဝအမျိုးမျိုးတွင် အသက်မွေးဝမ်းကျောင်းပညာ အမျိုးမျိုးဖြင့် နေထိုင်ရှာဖွေခဲ့ရပုံ၊ ဘာသာတရားများနှင့် ငယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့ပုံ၊ ဗေဒင် လက္ခဏာပညာကို သင်ကြားခဲ့ပုံများ၊ နိုင်ငံခြား လေ့လာရေးခရီးထွက်ခြင်း အတွေ့အကြုံများ၊ ကျန်းမာရေးလိုက်စားခဲ့ပုံများ၊ ဗုဒ္ဓဘာသာရေးရာ အယူအဆနှင့် သူ၏ခံယူချက်များကို အသေးစိတ်ဖတ်ရှုရမည်ဖြစ်သည်။ (ဆရာကြီးသည် ဤစာအုပ်ရေးပြီးနောက်တွင် ရဟန်းဘဝဖြင့် ပျံလွန်တော်မူသည်အထိ တရားအားထုတ်ခဲ့သည်။)
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|