|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ဝိပဿနာမေဂျာဖြင့် M.Aဘွဲ့ကို ရရှိပြီးနောက် Ph.Dဘွဲ့ကိုရယူရန် ကြိုးစားလျက်ရှိသူ စာရေးသူဆရာတော်သည် တရားဟောရာတွင် ဟောမည့်တရား၏ အနှစ်ချုပ်ကို ဦးစွာရေးသားပြုစုထားပြီးနောက် ထိုတရားအနှစ်ချုပ်ကို တရားနာပရိသတ်များကို ဝေပြီးမှသာ ထိုတရား၏အကျယ်ကို ဟောလေ့ရှိသည်ဟု ဆိုသည်။ ထိုသို့ ပြုရခြင်း၏ အဓိကရည်ရွယ်မှာ ဟောထားသည့်တရားကို တရားနာပရိသတ် အိမ်များအထိပါ ယူဆောင်သွားနိုင်ပြီး တရားကို ပြန်လည်နှလုံးသွင်း ဆင်ခြင်နိုင်စေရန် ဖြစ်သည်။ ထိုတရားအနှစ်ချုပ်များကို ဤစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။ သတိပဋ္ဌာန်ဆိုတာ၊ ဓမ္မဆိုတာ တရား, ဓမ္မဆိုတာ သဘောတရား၊ လှူတာဟာ ယူတာပါ၊ ဂေါ့ဒ်ဘယ်မှာလဲ၊ ဇိနပြောခဲ့တဲ့ အောင်မြင်ခြင်းရဲ့ အကြောင်းများ၊ မွေးနေ့ဆိုတာ ကြီးနီးပါ၊ ဗုဒ္ဓဘာသာသည် ကံကြမ္မာသက်သက် ယုံကြည်တဲ့ ဘာသာတရား မဟုတ်ပါ၊ သေခြင်းတရားကို ဆင်ခြင်စီးဖြန်းပုံ၊ အနေကဇာတင်အကြောင်း သိကောင်းစရာအပါအဝင် ခေါင်းစဉ်ပေါင်း ၃၁ ခုပါဝင်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|