|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: “နံပါတ် ၁ ဆရာသည် သခင်စိုး၊ နံပါတ် ၂ သည် ဗိုလ်ချုပ်အောင်ဆန်း၊ နံပါတ် ၃ သည် ဗိုလ်နေဝင်း” ဖြစ်သည်ဟု ဆိုထားခဲ့သူ ဝါရင့်နိုင်ငံရေးသမား ကိုကိုမောင်ကြီး၏ ကိုယ်တိုင်ရေး ဘဝအတွေ့အကြုံစာအုပ်ဖြစ်သည်။ စာရေးသူသည် အသက် ၁၃ နှစ်အရွယ်ကပင် ကိုလိုနီခေတ် သပိတ်မှောက်ကျောင်းသားအဖြစ် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (မ.ဆ.လ) အတွက် လမ်းစဉ် (၂၁) ချက်ကို ရေးဆွဲ လမ်းညွှန်ပေးခဲ့သူ၊ မ.ဆ.လပါတီ Founderအပါအဝင် အဆင့်မြင့်တာဝန်များကိုလည်း တာဝန်ထမ်းဆောင်ခဲ့သူ၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ရေးဆွဲရာတွင် အဓိက အခန်းက ပါဝင်ခဲ့သူ၊ ဦးနေဝင်း၏ တာဝန်ပေးမှုဖြင့် 'အညမည သဘောတရား' ဆိုရှယ်လစ် နိုင်ငံရေး အတွေးအခေါ်များကို ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းတွင် သင်ကြားပို့ချခဲ့သူ၊ ဆရာကြီး ဒဂုန်တာရာက "ယနေ့ခေတ်၏ တရားခံ" ဟု လက်ညှိုးတည့်တည့်ထိုးပြီး ပြောဆိုခြင်း ခံခဲ့ရသူ စာရေးသူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းကာလနှင့် ဆိုရှယ်လစ်ခေတ်ကာလ စာရေးသူ ဖြတ်သန်းခဲ့ပုံများနှင့် နိုင်ငံရေးပါဝင်လှုပ်ရှားခဲ့ပုံများကို စာအုပ်တွင် ဖတ်ရှုကြရမည် ဖြစ်သည်။ စာရေးသူက အမှာစာတွင် ရေးသားထားရာ၌ “ဤစာအုပ်သည် အချိန်ကာလတည်းဟူသော ခရီးလမ်းကြောင်းအတိုင်း ဖြတ်သန်းရသူ အချိန်ခရီးသည်တစ်ဦး၏ ခရီးသွားဆောင်းပါး အစဉ်ကြီးတစ်ခုသာ ဖြစ်ပါတော့သည်ဟု ဆိုရပါမည်” ဟု ဆိုထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁၁ ခုနှစ်အတွက် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေ) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|