|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: မင်းကွန်းဆရာတော်၏ သက်တော်သည် ယခု ၁၃၇၃ ခုနှစ်တွင် နှစ် ၁ဝဝ ပြည့်မည်ဖြစ်ရာ ယခုစာအုပ်မှာ ဆရာတော်ကြီး၏ ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ပဌမ တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၏ မွေးဖွားခဲ့ချိန်မှ စတင်ကာ ပညာသင်ကြားခဲ့ပုံများ၊ ငယ်စဉ်ကပင် စာပေထူးချွန်ခဲ့ပုံ၊ စာမေးပွဲများကို ထူးချွန်စွာ အောင်မြင်ခဲ့ပုံ၊ မင်းကွန်းဒေသသို့ ရောက်ရှိလာပုံ၊ ဆရာတော်၏ စာပေလေ့လာပုံ နည်းစနစ်၊ တိပိဋကဓရဖြေရန် အကြောင်းဖန်လာပုံ၊ ၅ နှစ်တိုင်တိုင် အဆိုပါစာမေးပွဲအတွက် ပြင်ဆင်ကျက်မှတ်ခဲ့ရပုံ၊ ကြိုးစားမှုနှင့် ထိုက်တန်စွာ ပထမဆုံး တိပိဋကဓရကို ရရှိခဲ့ပုံ၊ တစ်ချိန်တည်းမှာပင် ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ပုံ၊ ရဟန်းရှင်လူ ပညာရှိများ လက်ဖျားခါခဲ့ရသည့် မဟာဗုဒ္ဓဝင်ကျမ်းကို ပြုစုခဲ့ပုံ၊ တိပိဋကကျောင်းတော်များ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ ဦးစီးတည်ထောင်ပေးခဲ့ပုံ၊ ဆရာတော်၏ ကြည်ညိုဖွယ် မိဘကျေးဇူးသိတတ်ပုံ၊ ဆရာတော်ကြီး၏ စိတ်နေသဘောထားနှင့် ဝိနည်းလေးစားမှု၊ အသက်ကြီးလာ၍ ဇရာထောင်းလာသည်နှင့်အမျှ ကျန်းမာရေး ချွတ်ယွင်းလာပုံ၊ ဖိဖိစီးစီး ကျန်းမာရေး စောင့်ရှောက်ကုသပေးနေသည့် ကြားမှ သွေးအန်ဝေဒနာခံစားပြီး တစ်ဘဝဇာတ်သိမ်း၍ ချုပ်ငြိမ်းတော်မူခဲ့ပုံများကို ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်သူ စာရေးသူဆရာတော်က အသေးစိတ် ပုံဖော်ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|