|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: HIV လူနာများ၊ AIDS ရောဂါကြောင့် သေဆုံးသွားသော မိဘများ၏ ကျန်ရစ်ခဲ့သော ကလေးငယ်များကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် ကူညီစောင့်ရှောက် ကုသပေးလျက်ရှိသော NLDမှ ဒေါ်ဖြူဖြူသင်းတို့အဖွဲ့အကြောင်း၊ အတားအဆီး အနှောင့်အယှက်၊ ရန်ပုံငွေ ချို့တဲ့မှုအပါအဝင် အခက်အခဲအမျိုးမျိုးကြားမှ အဖွဲ့ဖြတ်သန်းလာခဲ့ရသည့် ခရီးလမ်းနှင့် သူတို့အဖွဲ့၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ ဟံသာဝတီ ဦးဝင်းတင်က သူမနှင့် သူမစာအုပ်အပေါ် အမှာစာရေးပေးထားရာ၌ “ ... ဖြူဖြူသင်းက ပင်ကိုယ်စိတ်ထား နိုင်ငံရေးသမားဖြစ်တယ်။ လူသားစိတ် ရင့်သန်တယ်။ စည်းရုံးအား ခိုင်မာတယ်။ ကွပ်ကဲအား သန်စွမ်းတယ်။ လူမဆန်တဲ့ ရောဂါကို လူစိတ်ပြည့်ဝအောင် သွတ်သွင်းပေးနိုင်တယ်။ ဝေဒနာရှင်တွေကို လူလိုစား၊ လူလိုနေ၊ လူလို ရပ်နိုင်အောင် လူဇာတ်ပေးနိုင်တယ်။ ဒီနေ့ ဖြူဖြူသင်းဟာ ဗမာတစ်ခွင်လုံး၊ ကမ္ဘာတစ်ပြင်လုံးလုံး သိမှတ်လေးစား အားထားတဲ့ ကရုဏာရှင် ဖြစ်နေပြီ။ ... ”ဟု ဆိုထားသည်။ ပါဝင်သော ဆောင်းပါးအမည်များမှာ မောင်ကိုကို (အမရပူရ)၏ “ဖြူဖြူ တိုက်ပွဲပျော်”၊ ဖြူဖြူသင်း၏ “လူနာကွန်ယက်မြို့လေးနဲ့ ဆောင်းပါးများ”၊ ကိုရာဇာ၏ “NLD, HIV, AIDS, Section ၁ဝ နှစ်တာ ဖြတ်သန်း ခရီးကြမ်း”တို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|