|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နရသိန်မဂ္ဂဇင်းပါ စာရေးသူ (အင်းစိန်ထောင်ပိုင်ကြီးဟောင်း ဦးစိန်ဌေး) ၏ ကိုယ်တွေ့ဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားစဉ်က အင်းစိန်အကျဉ်းထောင်၏ တာဝန်ရှိသူအဖြစ် စာရေးသူက တာဝန်ယူခဲ့ရရာ ထိုစဉ်ကာလ ထောင်အုပ်ချုပ်ရေး အတွေ့အကြုံများကို ယခုစာအုပ်များတွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။ မြောက်ဥက္ကလာ၌ ခေါင်းဖြတ်သတ်မှုဖြင့် ထောင်ထဲရောက်လာသော သျှောင်ကြီးဗွေအကြောင်း၊ အသေအပျောက်များခဲ့သည့် ထောင်ဆူစဉ်ကာလက အတွေ့အကြုံများ၊ ထိုသို့ ထောင်ဆူမှုနှင့် ထောင်မီးရှို့ခံရမှုတို့ကြောင့် အရေးအခင်းပြီးသောအခါ အငြိမ်းစာပေးခြင်း ခံခဲ့ရပုံ၊ ဗိုလ်ချုပ်အောင်ကြီးအပါအဝင် ထောင်ထဲရောက်လာသည့် နိုင်ငံရေးသမားများနှင့် ထိတွေ့ဆက်ဆံခဲ့ရပုံများ၊ ဘိုးတော်ချစ်၊ ဘိုးတော်တင်ဦးတို့ကို အင်းစိန်ထောင်တွင် ထိန်းသိမ်းခဲ့ရစဉ်က အတွေ့အကြုံများ၊ အချုပ်ကားပေါ်တွင် မဆံ့မပြဲတင်ဆောင်လာမှုကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသူကျောင်းသား ၄ဝ ကျော်နှင့် ပတ်သက်၍ သူမြင်တွေ့ခဲ့ရသည်များတို့ကို ဆောင်းပါး ၈ ပုဒ်ခွဲ၍ ရေးသားမှတ်တမ်းတင်ထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|