|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: Lee Kuan Yew : Hard Truths To Keep Singapore Going စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဗြိတိသျှကိုလိုနီ၏ လုယက်မှုကို ခံခဲ့ရသော၊ ထိုမျှမက ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ နှိပ်စက်မှုမျိုးစုံကိုလည်း လည်စင်းပေးခဲ့ရသော၊ သေးမွှားလှသော နိုင်ငံတစ်ခုကို ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်အောင် ဆောင်ကြဉ်းပေးခဲ့သည့် လီကွမ်းယု၏ ၃၂ နာရီကြာ အင်တာဗျူးစာအုပ်ဖြစ်သည်။ ပွင့်လင်းလွတ်လပ်လာသည့် နိုင်ငံရေးမူဝါဒကအစ လွတ်လပ်လာသည့် ပုံနှိပ်ထုတ်ဝေခွင့်အထိ ဖြေရခက်သည့် မေးခွန်းများအပေါ် လီကွမ်းယုက သူ၏ သဘာဝအတိုင်း ပွင့်ပွင့်လင်းလင်း ဒိုးဒိုးဒေါက်ဒေါက် ဖြေကြားပေးထားသည်ကို တွေ့ရသည်။ ထို့အတူ မြန်မြန်ဆန်ဆန်နှင့် ပြောင်းလဲနေသည့် ကမ္ဘာကြီးထဲက စင်ကာပူနိုင်ငံ၏ အခန်းကဏ္ဍကိုလည်း သူ၏ အမြင်များရော စိုးရိမ်မှုများကိုပါ ပွင့်ပွင့်လင်းလင်း ဖြေကြားထားသည်။ စာအုပ်နှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် Yasuhiro Nakasone က “ သူ၏ ကျနသော လေ့လာသုံးသပ်မှု၊ ရိုးရှင်းသော ခွဲခြမ်းစိတ်ဖြာမှုတို့သည် အာရှနိုင်ငံရေးလောကအတွက် အဓိပ္ပာယ်ရှိလှပြီး တန်ဖိုးလည်း ကြီးလှပေသည်။” ဟု လည်းကောင်း၊ စာအုပ်ပါ လီကွမ်းယုပြောပြသော သင်ခန်းစာတို့နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာက “ထိုသင်ခန်းစာတို့သည် စင်ကာပူအတွက်သာမက နိုင်ငံအားလုံးအတွက် လေ့လာစရာများဖြစ်ပြီး ဤစာအုပ်သည်လည်း ကမ္ဘာ့နိုင်ငံရေးသမားများအပေါ် တလင်းလက်လက် ရှိနေပေလိမ့်မည်။”ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|