|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: သခင်တင်မြသည် ယခင်က “ဘုံဘဝမှာဖြင့်” ဟူသော စာအုပ်ထွက်ရှိခဲ့ဖူးရာ ၎င်းစာအုပ်တွင် သူကျောင်းသားဘဝမှ လွတ်လပ်ရေးရရန် ကြိုးပမ်းသည့်အချိန်ကာလအထိ အဖြစ်အပျက်များကို မကွယ်မဝှက် ရေးသားထားသည်။ ယခုစာအုပ်တွင်မူ ယခင်စာအုပ်တွင် မပါဝင်သေးသည့်အဖြစ်အပျက်များကို
သူ၏ဇနီး ဒေါ်ဖြူဖြူနေရာမှ ဝင်ရောက်ခံစားကာ ရေးသားထားသည်။ ထိုခေတ် ထိုကာလက နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ တက်ဘုန်းကြီး ဦးသိန်းဖေမြင့်၊ ဦးနု၊ သခင်သန်းထွန်းတို့အကြောင်း၊ သမိုင်းစာမျက်နှာတွင် အရေးကြီးသည့်အခန်းမှ ပါဝင်ခဲ့သော နေသူရိန်အစည်းအဝေးကြီး၊ ဗိုလ်ချုပ်ကျဆုံးခန်း၊ မြေယာတော်လှန်ရေး၊ ဖ.ဆ.ပ.လ ပြိုကွဲပုံ၊ ဦးနုနှင့် ဦးကျော်ငြိမ်းတို့ သဘောထားကွဲလွဲကြပုံ၊ သခင်စိုး၏ တပည့်ရင်း စာရေးသူသခင်တင်မြ ဆရာတပည့် စိတ်သဘောထားခြင်း မတိုက်ဆိုင်ကြပုံ စသည့် အဖြစ်အပျက်များကို စာဖတ်သူ၏ မျက်စိထဲတွင် ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ရေးသားထားနိုင်သည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|