|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မင်းတုန်းမင်းလက်ထက်မှ စတင်ပေါ်ပေါက်ခဲ့သော ရွှေကျင်ဂိုဏ်းသည် ဝိနည်းစည်းကမ်းကို အလွန်ဂရုပြုခြင်းကြောင့် မင်းတုန်းမင်းကိုယ်တိုင် ကြည်ညိုအားပေးခြင်းခံခဲ့ရသော ထေရဝါဒဗုဒ္ဓဘာသာဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ယခုစာအုပ်တွင် ပထမရွှေကျင်ဆရာတော်ဘုရားကြီးအကြောင်းမှ စတင်ကာ မြန်မာပြည်ထက်အောက်ရှိ ရွှေကျင်ဂိုဏ်းဝင် ရဟန်းတော် မထေရ်ကြီးများအကြောင်းကို တစ်အုပ်တည်းတွင် ဖတ်ရှုခွင့်ရရှိမည်ဖြစ်သည်။ကျော်အောင်စံထားဆရာတော်၊ ပထမရွှေကျင်ဆရာတော်၊ ဒီပဲရင်းဆရာတော်၊ ကျိုက္ကစံဆရာတော်၊ အလုံဆရာတော်၊ လှတောဆရာတော်၊ စံကင်းဆရာတော်၊ စံကျောင်းဆရာတော်၊ အဘယာ ရာမ ရွှေဂုတိုက်ဆရာတော်၊ သုံးဂိုဏ်းချုပ် ခင်မွန်ဆရာတော်၊ မြောင်းမြဆရာတော်၊ အတိသုဒ္ဓါရုံဆရာတော်၊ ဂူဖြူတောရဆရာတော်၊ မဟာဂန္ဓာရုံ ဆရာတော်အရှင်ဥတ္တရ၊ ရွှေကျင်ကျောင်းတော်ရာဆရာတော်၊ ကျောက်ကာဆရာတော်၊ တောင်ဗိလာဆရာတော်၊ ကျိုက်လတ် ပစ္ဆိမာရုံဆရာတော်၊ တိုက်အုပ်ဆရာတော်၊ စည်ရှင်ဆရာတော်၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်ဆရာတော်၊ ပတ္တမြားဆရာတော်၊ ငကင်းကုန်းကျောင်းဆရာတော်၊ ကျောက်အိုင်ဆရာတော်၊ ချမ်းအေးဆရာတော်၊ ရေစကြို ပတ္တပိုဏ်ဆရာတော်၊ ဒေါက်တာ သီလာနန္ဒာဘိဝံသ၊ စစ်ကိုင်းစာသင်တိုက်ဆရာတော်၊ ဗားကရာဆရာတော်၊ ရေကြည်ဆရာတော်အစရှိသည့် ရွှေကျင်ဂိုဏ်းဝင် ပရိယတ် ပဋိပတ်အကျော်ဆရာတော်ကြီးများအကြောင်းကို ပြုစုရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|