|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အမှတ်တရ တိုက်ပွဲများ (အတွဲ ၁) (စီစီဝမ်တာပန် တိုက်ပွဲကြီး)
-
-
Author(s):
သောင်းဝေဦး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 270
- Binding: Paperback
- Publication Month Year: Sep-2019
- Size: 12 cm x 18 cm
|
- Description: စီစီဝမ်တာပန်ဆိုသည်မှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် အရှေ့ စီစီဝန်နှင့် တာပန်တောင်ကြောရှိ ရွာပျက်များကို အစွဲပြု၍ ခေါ်တွင်သော အမည်ဖြစ်သည်။ ဗကပတို့သည် ၁၉၈၆ခုနှစ် နိုဝင်ဘာလ နှစ်ဆန်းပိုင်းမှအစပြု၍ တစ်ဖက်နိုင်ငံကို ခြေကုတ်ယူပြီး နယ်စပ်ဒေသတွင် ထိုးစစ်များ ဆင်နွှဲခဲ့ရာမှအစပြု၍ “စီစီဝမ်တာပန် တိုက်ပွဲကြီး” ဖြစ်ပေါ်လာခဲ့ပုံများ၊ မြန်မာ့တပ်မတော်၏ ထိုးစစ်စီမံချက်၊ ရန်သူ့ဘက်မှ ပြင်ဆင်မှုများ၊ တိုက်ပွဲနိဂုံးနှင့်တကွ စွမ်းရည်ဘွဲ့ရသူများအကြောင်းတို့ကို ပြည့်စုံစွာဖော်ပြထားပါသည်။ မြန်မာ့သမိုင်းတွင် အမှတ်တရဖြစ်ခဲ့သည့် ထိုတိုက်ပွဲအကြောင်းကို နောင်လာနောက်သားလူငယ်များ မိမိတို့တိုင်းပြည်လူမျိုးနှင့် တပ်မတော်အား ဦးဆောင်သည့်အခါ ရှေးကဖြစ်စဉ်နှင့် အတွေ့အကြုံများကို မှီငြမ်းကြပြီး မှန်မှန်ကန်ကန် ထက်ထက်မြက်မြက် ဦးဆောင်မှုပေးနိုင်ရန် ရည်ရွယ်ကြောင်း စာရေးသူက တင်ပြထားပါသည်။ စာရေးသူသည် ထိုတိုက်ပွဲကြီးတွင် မပါဝင်ခဲ့သော်လည်း ထိုနယ်မြေတွင် စစ်ဘက်အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုတိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် မြို့တော်ဝန် ဦးကိုလေးအပါအဝင် ထိပ်ပိုင်းအရာရှိများ၊ လက်အောက်ခံ တပ်ကြပ်နှင့် အရာရှိစစ်သည်များကို တွေ့ဆုံ၍ စာဖတ်သူများထံ တင်ပြထားခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်စဉ်အနေနှင့်သာမကဘဲ ဗ.က.ပတို့လမ်းစဉ်၊ စစ်ရေးလှုပ်ရှားမှုနှင့် စစ်ဗျူဟာလေ့လာချက်များ၊ တိုက်ပွဲဖြစ်ပွားရေးဒေသ မြေပုံများ၊ စစ်ပွဲအပြီး စစ်ရေးသုံးသပ်ချက်များဖြင့် ဝေဝေဆာဆာ ဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|