|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဗုဒ္ဓဘာသာ ကကြီး ခခွေး တရားတော်
-
-
Author(s):
ညောင်ကန်အေးဆရာတော်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 408
- Binding: Paperback
- Publication Month Year: Nov-2007
- Size: 16 cm x 20 cm
|
- Description: မဟာစည်သြဝါဒခံ ညောင်ကန်အေး သာသနာ့ရိပ်သာတွင် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဗုဒ္ဓဘာသာယဉ်ကျေးမှုအကြောင်း သင်ကြားပေးနိုင်ရန် ညောင်ကန်အေးဆရာတော်ကိုယ်တိုင် ရေးသားထားသည့် ယဉ်ကျေးမှုသင်တန်းစာအုပ်ဖြစ်သည်။ သြကာသ၏ အနက်အဓိပ္ပာယ် အကျဉ်း အကျယ်၊ ရှိခိုးကန်တော့ရခြင်းအကြောင်း၊ သြကာသခက်ဆစ်များ၊ သီလတောင်းပုံ၊ သရဏဂုံအကြောင်း သိကောင်းဖွယ်ရာများ၊ သီလတစ်ပါးချင်းစီ အကြောင်းနှင့် ဆောက်တည်ပုံ၊ သီလ ဖောက်ဖျက်ခြင်း၏ အပြစ်နှင့် စောင့်ထိန်းခြင်း၏ အကျိုးပြဆောင်ပုဒ် လင်္ကာများ၊ သရဏဂုံဆောက်တည်ပုံ၊ ဘုရား တရား သံဃာ ဂုဏ်တော်များ၏ အနက်အဓိပ္ပာယ် အကျယ်၊ လယ်တီဆရာတော်၏ ခုနစ်နေ့ ဘုရားရှိခိုး၊ ဆွမ်း ရေချမ်းကပ် မီးပူဇော်၊ ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓဝင်အပါအဝင် ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံး အကြောင်းအရာများကို ပြည်ပြည့်စုံစုံ ထည့်သွင်းပေးထားသည်။ ညောင်ကန်အေးဆရာတော်သည် အမေရိကန်နှင့် ကနေဒါသို့ ဓမ္မဒူတခရီးကြွရောက်ခဲ့ရာ ထိုနိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် အဝေးရောက်မြန်မာများ၏ ကလေးငယ်များ ဘာသာ သာသနာ ဗုဒ္ဓယဉ်ကျေးမှုနှင့် ဝေးနေသည်ကို တွေ့ရှိခဲ့ရာ ထိုကလေးငယ်များ ဗုဒ္ဓဘာသာ အခြေခံများ လိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ကို ရေးသားထုတ်ဝေထားခြင်းဖြစ်သည်ဟု အမှာစာတွင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|