|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- မင်္ဂလာရှုခင်း (၃၈ ဖြာမင်္ဂလာ အဖွင့်အကျယ်)
-
-
Author(s):
ဓမ္မပီယဆရာတော် အရှင်သံဝရာလင်္ကာရ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 710
- Binding: Paperback
- Publication Month Year: Nov-2024
- Size: 16 cm x 23 cm
|
- Description: အကောက်ခွန်ဂျာနယ်တွင် ဖော်ပြခဲ့သည့် မင်္ဂလာတရား ၃၈ ပါး အဖွင့်အကျယ် ဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ထိုသို့ ရေးသားရာတွင် မင်္ဂလသုတ်အဖွင့်၊ သုတ္တနိပါတ်အဋ္ဌကထာ၊ သပြေကန် ပရိတ်ကြီးနိဿယ၊ မင်္ဂလာအမြူတေ၊ မင်္ဂလတ္ထဒီပနီ၊ ဆရာကြီးဦးသုခ၏ မင်္ဂလသုတ်၊ မင်္ဂလာနိဒါန်း၊ ပိဋကတ်သုံးပုံတွင်းရှိ ဆိုင်ဆိုင်ရာ ပါဠိ၊ အဋ္ဌကထာနှင့် ဋီကာများကို ကြည့်ရှုလေ့လာ၍ စာရေးသူ ဆရာတော်၏ ကိုယ်ပိုင်အယူအဆ အတွေးအမြင်များ ပေါင်းစပ်ကာ အပြည့်စုံဆုံး အစုံလင်ဆုံးဖြစ်အောင် ရေးသားထားသည်ဟု ဆိုသည်။ “လူတိုင်း မင်္ဂလာရှိချင်သည်၊ မင်္ဂလာရှိဖို့ မင်္ဂလာ၏ အဓိပ္ပာယ်ကို သိနားလည်ရမည်၊ မင်္ဂလာသိမှ မင်္ဂလာရှိအောင် နေတတ်၊ ထိုင်တတ်၊ ကျင့်သုံးတတ်မည်၊ မင်္ဂလာနှင့် ပတ်သက်၍ ပြည့်ပြည့်စုံစုံ သိရှိနားလည်ဖို့အတွက် မင်္ဂလာရှုခင်းက တာဝန်ယူပါသည်”ဟု အမှာစာတွင် ရေးသားထားသည်။ ထိုသို့ နားလည်နိုင်အောင်လည်း ၃၈ ဖြာမင်္ဂလာအကြောင်းကို ဆောင်းပါးပေါင်း ၁၁၈ ပုဒ်ခွဲကာ အသေးစိတ် ရှင်းလင်းထားသည်။ (ဤစာအုပ်ပါဆောင်းပါးများသည် ယခင်က “ပညာရှိမှ မင်္ဂလာရှိမည်၊ မင်္ဂလာရှုခင်း”၊ “ပညာတတ်တာ မင်္ဂလာ၊ မင်္ဂလာရှုခင်း”၊ “ပေးတာကမ်းတာ မင်္ဂလာ၊ မင်္ဂလာရှုခင်း”၊ “တရားကျင့်တာ မင်္ဂလာ၊ မင်္ဂလာရှုခင်း”၊ “အမြတ်ဆုံးဥစ္စာ စိတ်ချမ်းသာ”ဟူသော ဆရာတော်ရေးသားသည့် စာအုပ်ငါးအုပ်တွင် ပါရှိပြီးဖြစ်သည်။ ယင်း ငါးတွဲကို စုပေါင်း၍ ဤစာအုပ်ကို ထုတ်ဝေထားခြင်းဖြစ်သည်။)
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|