|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့၏ ရန်ရှာ ရန်ပြုမှုတို့ကြောင့် ရုံးခန်းအဆောက်အဦးတစ်ခုအတွင်း လျှို့ဝှက်ဆောက်လုပ်ထားသည့် ခန်းဆောင်တွင် ပုန်းအောင်းနေကြသည့် ဂျူးလူမျိုးတစ်စု၏ မှတ်တမ်းဖြစ်သည်။ ဤစာအုပ်ပါ ဒိုင်ယာရီမှတ်တမ်းကို ထိုလူစုထဲမှ ၁၃ နှစ်အရွယ် Anne Frank ဆိုသူ မိန်းကလေးတစ်ယောက်မှ ရေးသားထားခြင်းဖြစ်ပြီး ထိုလျှိုဝှက်ခန်းကို ဒတ်ချ်နာဇီများ၊ လက်နက်ကိုင် ဂျာမန်လုံခြုံရေးပုလိပ်များက စီးနင်း ဖမ်းဆီးခဲ့ပြီးနောက် သန့်ရှင်းရေးသမားတစ်ယောက်က ကြမ်းပြင်ပေါ်ကျနေသည့် သတင်းစာများကြားတွင် ဤမှတ်တမ်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဤမှတ်တမ်းများနှင့် ပတ်သက်၍ နယူးရောက်တိုင်း သတင်းစာက “တကယ့်ကို မှတ်သားဖွယ်ရာစာအုပ် ထပ်ခါတလဲလဲ ဖတ်ရမည့် လှိုက်လှဲကြေကွဲစရာ ဝန်ခံချက်”ဟုလည်းကောင်း၊ နယူးရောက် ဟာရယ် ထရီဗျူန်းက “နှလုံးသားကို နွေးထွေးစေကာမူ နှလုံးသား မွကြေမတတ် ခံစားရစေသော စာအုပ်”ဟုလည်းကောင်း ဝေဖန်သုံးသပ်ခဲ့ကြပြီးကမ္ဘာတစ်ဝန်းလုံး ဟိုးလေးတစ်ကျော်ဖြစ်ခဲ့သည့် မှတ်တမ်း၊ သနားစရာ ဘဝကို ရေးခြယ်ထားသော ဝတ္ထု၊ လောကဓံတရား၏ ဖန်တီးချက်အောက်မှ အံ့မခန်းသော လူသားတို့၏ အဖြစ်ကို ခြယ်မှုန်းသော စာပန်းချီ စသည်ဖြင့် ကမ္ဘာ့စာပေအနုပညာရှင်များက တစ်ညီတစ်ညွတ်တည်း ချီးကျူးခဲ့ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|