|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ခေတ်မီ မြန်မာရာဇဝင် အကျဉ်း
-
-
Author(s):
အမျိုးသားပညာဝန် ဦးဖိုးကျား
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 198
- Binding: Paperback
- Publication Month Year: Nov-2011
- Size: 13 cm x 21 cm
|
- Description: အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားများအတွက် ရည်ရွယ်၍ ရေးသားထားသော အမျိုးသားပညာဝန် ဦးဖိုးကျား၏ မြန်မာ့သမိုင်းစာအုပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှိနေကြသော တိုင်းရင်းသားများ မြန်မာပြည်တွင်းသို့ ဝင်ရောက်နေထိုင်ချိန်မှ စတင်ကာ သီပေါမင်း နန်းကျပြီး မြန်မာတစ်ပြည်လုံးကို အင်္ဂလိပ်တို့ သိမ်းယူချိန်အထိ မြန်မာ့သမိုင်း၏ အရေးကြီးဖြစ်စဉ်များကို တိုရှင်းလိုရင်း ရေးသားထားသည်။ ထိုသို့ရေးသားရာတွင် မွန်(တလိုင်း)ရာဇဝင်နှင့် ရခိုင်ရာဇဝင်တို့သည် ကျယ်ပြန့်သဖြင့် သီးခြားအကျယ်အပြည့်အစုံ မပြဘဲ မြန်မာရာဇဝင်နှင့် စပ်ဆိုင်သည်များကိုသာ အဓိကထားရေးသားထားသည်။ မင်းများအကြောင်းရေးသားရာတွင်လည်း အထင်ပေါ်ဆုံး အရေးကြီးဆုံးဖြစ်သော မင်းဆက်များနှင့် အကြောင်းအရာ အဖြစ်အပျက်များကိုသာ ရွေးချယ်ထုတ်နုတ် ဖော်ပြထားသည်။ အရေးအသားကိုလည်း အလယ်တန်းအဆင့် ကလေးငယ်များ နားလည်နိုင်သည့် လွယ်ကူပြေပြစ်သော စကားပြေအရေးအသားကို အထူးရွေးချယ် အသုံးပြုရေးသားထားသည်။ လူငယ်တို့သည် ပုံဝတ္ထုကို အထူးကြိုက်နှစ်သက်ကြရာ မင်းစဉ်မင်းဆက်တို့၏ အဖြစ်အပျက်များကို မပျင်းရလေအောင် ဝတ္ထုဇာတ်လမ်းသဖွယ် ရေးသားပေးထားသည်။ မြန်မာ့သမိုင်းကို လူငယ်များ အချိန်တိုအတွင်း သိရှိနားလည်သွားစေမည့် စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|