|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: စစ်သား၊ နိုင်ငံရေးသမား၊ ကျောင်းဆရာ၊ သတင်းစာဆရာ၊ ဥပဒေပညာရှင်၊ နိုင်ငံတော်တရားသူကြီးချုပ်၊ နိုင်ငံတော် သမ္မတတစ်ဦးအနေဖြင့်သာမက ဘာသာရပ်နယ်ပယ်အလိုက် စာအုပ်များစွာကို ရေးသားပြုစုခဲ့သူ ဒေါက်တာမောင်မောင်သည် ၁၉၅၄ - ၅၅ ခုနှစ်ခန့်က သူ စတင်တည်ထောင် ထုတ်ဝေခဲ့သည့် Guardianမဂ္ဂဇင်း၌ အင်္ဂလိပ်ဘာသာဖြင့် Profile ဆောင်းပါးများကို ရေးသားဖော်ပြခဲ့သည်။ ၎င်းတို့အနက်မှ ဒေါက်တာမောင်မောင် မြန်မာဘာသာသို့ ပြန်ဆိုပြီးသော ဦးသိန်းမောင်၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဗိုလ်မှူးအောင်၊ ဗိုလ်ခင်မောင်ကလေး၊ ဦးထွန်းဝင်း၊ သခင်ချစ်မောင်၊ ဦးသန်းအောင်စသော ပုဂ္ဂိုလ် ၉ ဦးအကြောင်း ဆောင်းပါးများကို “သက်ရှိရာဇဝင် (အတွဲ ၁)”ဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ယခုစာအုပ်မှာ ဒေါက်တာမောင်မောင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော်လည်း မြန်မာပြန်ဆိုခြင်း မရှိသေးသည့် ပုဂ္ဂိုလ် ၂ဝ ဦး၏ ဆောင်းပါးများကို စာရေးဆရာ စိန်ဝင်းစိန်က မြန်မာပြန်ဆိုကာ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်၊ ဦးချန်ထွန်း၊ ဦးလှမောင်၊ ဦးသန့်၊ ဦးညိုမြ၊ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဒေါက်တာထင်အောင်၊ ဆရာဇာခုပ်၊ ဦးဝမ်ကိုဟော၊ သခင်သန်းထွန်း၊ M.A ရှာရှစ်၊ ဒေါက်တာဧမောင်၊ ဦးမြင့်သိန်း၊ ဦးကိုလေး၊ ဦးထိန်လင်း၊ J.S ဖာနီဗယ်၊ ဒေါ်ဖြူ စသည်ဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်တော်၏ နိုင်ငံရေး၊ စစ်ရေး၊ တရားရေး၊ စာပေယဉ်ကျေးမှု၊ သံခင်းတမန်ခင်း၊ ကုလသမဂ္ဂ စသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအကြောင်းကို ဤစာအုပ်မှတဆင့် လေ့လာဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|